9

41 4 0
                                    

2017,
Seoul Cathelic Hospital ,

Hyung ပြန်ရောက်ပြီ .... ။

ဖုန်းထဲက message ကြောင့် JK မျက်နှာက
အပြုံးတွေခပ်ယောင်ယောင်နှင့်.... ။

" အာရုံမစိုက်ဘူးလား! အလုပ်သင်တွေ !!!! "

ခေါင်းဆောင်ဌာနမှူးက ဟောက်လာမှ JK
တစ်ယောက်မျက်နှာပိုးသတ်ပြီး လူနာအခြေအနေကို
မျက်လုံးပြူးပြူးတွေနဲ့ အာရုံစိုက်ရတော့သည် ။

ဖြစ်လာမလို မဖြစ်တော့သလိုနဲ့ နောက်ဆုံးတော့
သူလည်း ဆရာဝန်ဖြစ်လာပြီလေ
တစ်စုံတစ်ယောက်ရဲ့ကျေးဇူးကြောင့်ပါ... ။
အဲဒီ့လူလည်း ပြန်ရောက်ပြီဆိုတော့
အခု ကြွားရတော့မယ်!

အားတဲ့အချိန်လေးရတာနဲ့ ဂျူတီကုတ်တောင်
မချွတ်နိုင်ဘဲ ဆေးရုံအပြင်ကိုပြေးထွက်လာခဲ့သည် ။
တက္ကစီငှားဖို့အာရုံများနေတုန်း ကားတစ်စီးထဲက
ထွက်လာတဲ့လူနှစ်ယောက်.....။

စီနီယာဂျီမင်ပဲ!
မဟုတ်ဘူး.... သူလည်း အတူရောက်လာတယ်!

JK ဟန်မဆောင်တော့ဘဲ.... ဘာအတွေးမှ
မတွေးနိုင်တော့ဘဲ အပြေးသွားပြီး အဲဒီ့လူကို
အမိအရဆွဲဖက်ထားမိသည်.....
မတင်းမကျပ်လွန်းဘဲ.... မလွတ်ထွက်သွားစေဘဲ ။

" Kim Taehyung.... "

" အခု ငါ့ကိုရွယ်တူလိုတောင်ပြောနေပြီလား
ဆရာဝန်ကြီး ! "

ဂျီမင်အတွက် အချစ်ခင်ရဆုံးလူနှစ်ယောက်ကို အတူ
မြင်နေရတဲ့ အခုအချိန်က အရမ်းအေးချမ်းပါသည်
အကြာကြီးနေမှ ပြန်ရောက်လာတဲ့ ကိုရီးယားရဲ့
လေအေးအေးတွေလည်း အရမ်းလတ်ဆတ်လို့
ရှုရှိုက်ရင်း အမြင်ကတ်စရာဒီနှစ်ကောင်ဆီကလည်း အကြည့်လွှဲလိုက်သည်။

" ငါ ဒီနေ့ တရားရုံးရုံးချိန်းရှိသေးတာပဲ...
နှစ်ယောက်သား အချိန်ကောင်းလေးတွေ
ပိုင်ဆိုင်ကြပါ "

ပြုံးစိစိနဲ့ ပြန်ထွက်သွားမယ့်လူကို JK အမြန်
ပြန်လှည့်ကြည့်ပြီး....

" ညနေကျ လာခေါ်မယ်... စီနီယာ "

ဂျီမင်ကားနဲ့ ထွက်သွားတော့ ထယ်ယောင်း... သူနဲ့
နှစ်ယောက်တည်းကျန်ခဲ့ရသည် ။ အရမ်းအကြာကြီး
မတွေ့တာကြာလို့လားမသိ... ဂျူတီကုတ်အဖြူနဲ့
လူက ဒီလောက်အထိ ကြည့်ကောင်းတဲ့လူလား
ဆိုတာ တအံ့တသြပြန်ကြည့်မိရင်း ထယ်ယောင်းမှာ
ထူးထူးဆန်းဆန်းအနေခက်လာသည် ။

Jeon's eyes tell Where stories live. Discover now