6

56 6 0
                                    

Japan ,

ကြီးကျယ်ခမ်းနားတဲ့ပွဲအခမ်းအနားဆီ
လာရောက်တဲ့ကားတွေအသီးသီးက
မီဒီယာတွေရိုက်ကူးမှုအရှေ့မှာရပ်ပြီး ကားထဲက
ထွက်လာပြီးမှ အဆောက်အဦးဆီဝင်သွားကြသည်
private ဖိတ်ကြားမှုတွေနဲ့ လာရောက်တဲ့
သူတွေကတော့ V.I.P လမ်းကြောင်းကနေ
ဝင်လာကြသည် ။

ပတ်ခ်ဂျီမင်က အဖြူရောင်အနောက်တိုင်းဝတ်စုံကို
အနက်ရောင်နက်ကတိုင်နဲ့​သပ်ရပ်စွာ
အကန့်အသတ်ထုတ်ထားတဲ့အသုံးအဆောင်တွေသာ
ဝတ်ဆင်ထားသည်

V.I.P လမ်းကြောင်းကနေ ဝင်လာပြီးတဲ့နောက်မှာ
ဂျပန်ရဲ့ အထွဍ်အမြတ်ထားရာ အကြီးဆုံးဗုဒ္ဓ
ကျောင်းတော်ဆောင်ထဲ ရောက်လာခဲ့သည် ။

ရုပ်ပွားတော်အသစ်လှူဒါန်းပင့်ဆောင်မှုနဲ့အတူ
ဘာသာရေးအခမ်းအနားတစ်ခုရဲ့ အဓိက
ဇာတ်​ဆောင်တစ်ဦးက တော်ဝင်မိသားစုက
အငယ်ဆုံးမင်းသမီး Susanနဲ့ သူ့ရဲ့မွေးနေ့
ဖြစ်ခဲ့သည် ။ မင်းသမီးငယ်ဟာ အနီရောင်ရိုးရာ
ဝတ်စုံကိုသာအ​ဆောင်အယောင်ကင်းမဲ့စွာ
ဝတ်ဆင်ခဲ့ပြီး အခမ်းအနားကို ပြီးဆုံးသည်အထိ
ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခဲ့သည် ။

ကျောင်းဆောင်ထဲလှည့်ပတ်ကြည့်ရှုနေတဲ့
ဂျီမင်က တခါတရံ လူစည်ကားနေတဲ့အခမ်းအနား
ကြားထဲမှာရှိနေတဲ့ မင်းသမီး Susan ဆီ
သတိထားကြည့်မိသည် .....။

ဤအခမ်းအနားပြီးတော့ မင်းသမီးရဲ့မွေးနေ့
ဧည့်ခံပွဲကိုတိုက်ရိုက်ကျင်းပခဲ့သည် ။
တော်ဝင်အခမ်းအနားဖွင့်ပွဲတွေနဲ့ ပြီးဆုံးသွားတဲ့အခါ
စင်ပေါ်ကို တက်လာတဲ့သူမဟာ မိုက်အရှေ့မှာ
နေရာယူပြီး မီဒီယာတွေနဲ့ တက်ရောက်လာသူတွေကို
အရိုအသေပေးပြီး နှုတ်ဆက်ခဲ့သည် ။

ပင်လယ်ပြာရောင် blazzer ကုတ်အင်္ကျီနဲ့
စကတ်ကိုဝတ်ဆင်ထားခဲ့ပြီး တောက်ပတဲ့
လက်ဝတ်ရတနာနဲ့ အဖြူရောင်ဖိနပ်မြင့်စတဲ့....
သီးသန့်အဆောင်အယောင်တွေနဲ့ ကျက်သရေရှိစွာလှပလွန်းတဲ့ မင်းသမီး Susan ဟာ
လူထုအရှေ့ကို အသက်ပြည့်မွေးနေ့နဲ့အတူ
မီဒီယာနဲ့ပထမဆုံးမိတ်ဆက်ပြီး ပေါ်ထွက်လာခြင်းဖြစ်သည် ။

" မင်္ဂလာပါ.... ပြည်သူတွေအားလုံးနဲ့ မီဒီယာတွေ
ကြွရောက်လာပေးတဲ့သူအားလုံးကို နှုတ်ဆက်ပါတယ်
ကျွန်မက မင်းသမီး OsakeYuke Susan ပါ
တော်ဝင်မိသားစုဝင်တစ်ယောက်အနေနဲ့
အခုမှ နှုတ်ဆက်ဖြစ်လာပါတယ်....
ငယ်ရွယ်စဥ်ကတည်းက လောကကြီးထဲနေရာစုံ​ပညာသင်ကြားခဲ့ပြီး သိရှိခဲ့ရတဲ့အတွေ့အကြုံတွေနဲ့ သေးငယ်စွာ ကူညီပေးနိုင်ခဲ့တဲ့နေရာတွေရှိခဲ့ပါတယ်
ရှေ့လျှောက်လည်း တော်ဝင်မိသားစုကိုကူညီပြီး
နိုင်ငံအတွက် နေရာတစ်ခုကနေ အထောက်အကူ
ပြုတဲ့ မင်းသမီးတစ်ဦးဖြစ်လာစေရပါမယ် ... "

Jeon's eyes tell Where stories live. Discover now