10

45 6 0
                                    

THE V school festival ,

နာမည်ကြီးသီချင်းသံတွေရယ် ကျောင်းသားတွေရဲ့
performance တွေနဲ့ပြည့်လာတဲ့အခါ
ပွဲတော်က အတော်စည်ကားလာနေခဲ့သည် ။

ထယ်ယောင်းက ဂျီမင်ရောက်လာတဲ့အခါ
မီဒီယာတွေအရှေ့မှာ ခဏဓာတ်ပုံအရိုက်ခံပြီး
Stage ရဲ့ ရှေ့ဆုံးက V.I.P ခုံနေရာမှာ နေရာယူပြီး
အားပေးခဲ့သည် ။

လက်ခုပ်တီးအားပေးမှုတွေပြီးသွားတော့
ဂျီမင် ရေယူသောက်ရင်း ဘေးနားမှာထိုင်နေတဲ့
ထယ်ယောင်းကို တစ်ချက်ကြည့်လိုက်သည် ။

" Jang Hyun ဆိုတဲ့တစ်ယောက်ကို
မနေ့ကတည်းက ဒီအတိုင်းကြည့်နေတာလား ”

ထယ်ယောင်း ဂျီမင်စကားကို ဘေးဘီပြန်ကြည့်ရင်း..

" ဒီမှာပြောမလို့လား ”

" ငါကတော့ ကိစ္စမရှိဘူး ”

" သူ စင်နောက်မှာရှိလိမ့်မယ်
စိတ်ပူရင်လည်း မင်းကိုယ်တိုင်သွားကြည့်လိုက်
ငါ့ကိုလာပြီး စကားနာမထိုးနဲ့ Jimin!
ငါ အာရုံစိုက်နေရတာ
သူ တစ်ယောက်တည်းမဟုတ်ဘူး .... ”

" သွားကြည့်ပေးဦး... ဂရုစိုက်ပေးဦး ....
အဲ့ဒီလိုစကားတွေလည်း မင်းအတွက်
အခုထိခက်ခဲလား ”

ဂျီမင် နေရာကနေထကာ backstage ဘက်ကို
ထွက်သွားခဲ့သည် ။

ဂျီမင်ပြောတာ မှန်ချင်မှန်နေခဲ့မှာပါ
သူငယ်ချင်းဆိုတာကို ထယ်ယောင်းဘက်က
အလွန်ပြောဆိုခဲ့ပြီးမှ သူ မလုပ်နိုင်တဲ့အရာအတွက်
အသံတိတ်တွန်းအားပေးတတ်တာမျိုး ။
ကင်မ်ထယ်ယောင်းက ဒီလိုလူဖြစ်မှာပါ ။

....................၊

" အနုပညာရှင်တွေလိုက်ရိုက်ရတာ မလွယ်လိုက်တာ
နင့်အလှည့်ရောက်တော့မှာလား Jungkook ”

ဘယ်ကနေပေါ်လာမှန်းမသိ ရောက်ရောက်လာတဲ့
အတန်းခေါင်းဆောင်က အခုလည်း ဖုန်းကိုင်ပြီး
ရောက်လာပြန်သည် ။

" ဒါပြီးရင် ငါ့အလှည့်ပဲ ”

" ဟုတ်လား.... ဒါဆို ငါ့သူငယ်ချင်းကို
ရိုက်ရမှာပေါ့ Jungkook shi fighting!!!! ”

ကင်မရာချိန်လာ၍ ဂျောင်ဂုအမြန်ရှောင်ရင်း...

" ဘာလဲ... မရိုက်ပါနဲ့ဆို ”

Jeon's eyes tell Where stories live. Discover now