18

51 3 0
                                    

တစ်နှစ်ကြာပြီး......

အခန်းထဲမှာ တစ်ယောက်တည်း အလုပ်ရှုပ်နေတဲ့
ထယ်ယောင်းက ကုတင်ပေါ်မှာ ဖြန့်တင်ထားတဲ့
carrier တစ်လုံးထဲကို အင်္ကျီတွေ အလုံအလောက်
ထည့်နေရင်း အပြင်ကတံခါးခေါက်သံနဲ့အတူ
ဂျောင်ဂုက သူ့အခန်းထဲကိုဝင်လာသည်

နေသားကျနေသလို... ကုတင်မှာလာထိုင်ပြီး carrier ထဲကိုစပ်စုနေသေးသည်
ထယ်ယောင်းနဲ့ အကြည့်ဆုံမိတော့လည်း
နှစ်ယောက်လုံးက အဓိပ္ပါယ်တစ်စုံတစ်ရာရှိပြီးသား
အပြုံးကိုယ်စီနဲ့ နှုတ်ဆက်ပြီးသား ဖြစ်နေခဲ့တယ်...

နာမည်ကြီးbrand တံဆိပ်က one set
အဝတ်အစားတွေကို သဘောကျပြီး ပေါ့ပေါ့ပါးပါး
ဝတ်တတ်လာတဲ့သူက အကြိုက်တွေလည်း
ပြောင်းလာသလိုမျိုး ဆယ်ကျော်သက်ကောင်လေးရဲ့
အငွေ့အသက်က မိုက်ပြီးကြည့်ကောင်းလာနေတယ်..

" အေးတဲ့နိုင်ငံလား... ပူတဲ့နိုင်ငံလား "

" Singapore ဆိုတော့ ပူမှာပေါ့ "

" အဝေးကြီးသွားရတဲ့အလုပ်ခရီးက
တစ်လဆိုတော့ အဆင်ပြေပါ့မလား!
တစ်ယောက်တည်းဖြစ်နေမှာ... "

တစ်နေ့စီတိုင်း တန်ဖိုးထားမိလို့ တန်ဖိုးကြီးလာတဲ့
သူ့ကိုယ်သူသိနေသလို ပေကပ်ကပ်မျက်နှာလေးကို
ချီပြီးပြောလာသည်

" လုံးဝကို... ငါက မင်းဆီကိုနစ်နေသလို
ပြောနေတာပဲ "

" မဟုတ်ဘူးလား! "

ခေါင်းကိုဆတ်ခနဲလှည့်သွားကာ သူအပိုပြောမိတယ်ဆိုပြီး လက်ခံလိုက်သလိုလုပ်နေတဲ့ပုံက
ထယ်ယောင်းကို ထူးထူးခြားခြားမရှိ ပြုံးစေတာပါပဲ ။

" ကျွန်တော် ကူညီပေးမယ်လေ... "

သူကိုယ်တိုင်ဝင်စီမံနေတဲ့အခါ ကင်မ်ထယ်ယောင်း
ခုံမှာဝင်ထိုင်ပြီး ကြည့်နေလိုက်သည်

" မင်း... ဒီနေ့ရောသွားဦးမှာလား "

" အော်... သောကြာနေ့ဆိုတော့! "

" အိပ်တာကိုတော့ အိမ်မှာပြန်အိပ်ပါ "

" ဟုတ်... အဲ့လိုပဲလုပ်လိုက်ပါ့မယ် "

အဖြူရောင်shirtကို ခရင်မ်ရောင် Cardigan နဲ့
အညိုရောင်ဘောင်းဘီရှည်ကို လက်ထဲပိုက်လာပြီး
သူ့အရှေ့မှာ တွဲပြကာ...

Jeon's eyes tell Where stories live. Discover now