Part(1)

19.2K 254 8
                                    


"သူစိမ်းပြင်ပြင် မကြင်နာလေသည်မို့🔥"

Part (1)
-------
-------

......🔥23,December,2014 🔥......

💫...တွေ့ဆုံမှုနိဒါန်းတစ်ခု...💫

စိမ်းမြမြလယ်ကွင်းတွေကိုဖြတ်ကာ
တဖြူးဖြူး တိုက်ခတ်နေတဲ့ လေနုအေးလေးတွေက ကားပြတင်းပေါက်ကနေတစ်ဆင့် မီရဲ့ မျက်နှာထက် ပြေးလွှားဆော့ကစားနေလေသည်

"မီ တံခါးမပိတ်ဘူးလား!!"

"မပိတ်တော့ဘူး ဝင့်!!လေလုံသွားရင် မီက ခေါင်းမူးတတ်လို့!!"

"အခုမှ ရန်ကုန်က စထွက်တာဆိုတော့ ဟိုရောက်ဖို့က အဝေးကြီးလိုသေးတယ်နော်မီ...တရေးလောက်အိပ်လိုက်ပါလား!!"

"ရတယ် ဝင့်...မီ ဒီတိုင်း လယ်ကွင်းလေးတွေကြည့်ချင်လို့!!ဝင့် အိပ်ချင်ရင်အိပ်လေ!!"

"အာ့ဆို ဝင့်ခနမှေးလိုက်ဦးမယ်နော် မီ!!"

ဝင့်စကားကို မီ ခေါင်းငြိမ့်ပြလိုက်ရင်း ဝင့်အိပ်ဖို့အတွက် နေရာဝိုင်းချပေးလို့ပြီးမှ ပြတင်းပေါက်ဘက်ကို မီမျက်နှာပြန်မူလိုက်လေသည်....

မီတို့စီးလာတဲ့ မှန်လုံကားကြီးက ဒဂုံ-ဧရာ အဝေးပြေးကွင်းကနေ အခုမှ စထွက်လာခြင်းသည်ကာ ရန်ကုန်ကတောင် မထွက်ရသေး....

မီအတွေးတချို့ကလဲ ပြေးလွှားနေတဲ့ လေပြေတွေနဲ့အပြိုင် ယောက်ယက်ခတ်နေဆဲ...
ဘွဲ့ရပြီးထဲက ဝင်လုပ်နေတဲ့အလုပ်ကို ထွက်ကာ မီ ဒီအချိန်ဒီကားပေါ်ရောက်နေခဲ့ခြင်းဖြစ်သည်...
အမေတစ်ခု သမီးတစ်ခုမို့ အိမ်မှာတစ်ယောက်ထဲကျန်ခဲ့တဲ့ မေမေ့ဆီစိတ်ရောက်နေပေမဲ့ မေမေကိုယ်တိုင်ခွင့်ပြုထားတဲ့ခရီးမို့ မီ စိတ်ချလက်ချထွက်လာဖြစ်ခဲ့သည်...

လေပြေလေးများတိုက်ခတ်မှုကြောင့် ပွယောင်းတတ်လာတဲ့ ဆံနွယ်တချို့ကို မီလက်နဲ့ သပ်ချရင်း
ကားလမ်းတစ်ဖက်စီက လယ်ကွင်းစိမ်းတွေကိုကြည့်ကာ
မီရဲ့ ပင်ပန်းလွန်းတဲ့ စိတ်နဲ့ အတွေးတွေများနေတဲ့ ဦးနှောက်ကို ခဏတာဖြေဖျောက်ချင်မိသည်...

■လောကမှာ ဖြစ်ချင်တိုင်းသာဖြစ်ခွင့်ရမယ်ဆိုရင်လေ အရာရာဟာ လှပနေမှာပဲ....
ဘဝကြီးက နူးညံ့တဲ့စာမျက်နှာပေါ်က လှပတဲ့စာလုံးလေးတွေမှမဟုတ်တာ...

သူစိမ်းပြင်ပြင်မကြင်နာလေသည်မို့(Complete)(Unicode)Where stories live. Discover now