Part(13)

3.1K 100 3
                                    

"သူစိမ်းပြင်ပြင် မကြင်နာလေသည်မို🔥"

Part (13)
---------
---------

"ဖြန်း!!!!"

သူ့ပါးပေါ်ကို ကျရောက်လာတဲ့ သူမရဲ့လက်ကြောင့် စပ်ဖျင်းဖျင်းခံစားချက်တစ်ခုကို သူသေချာခံစားလိုက်ရသည်...

"မီ!!"

သူ အံ့ဩသင့်စွာနဲ့ မီ နမည်ကိုခေါ်လိုက်မိသည်...
■ဒုတိယအကြိမ်
ဒါဟာ မီ သူ့ပါးကိုရိုက်ကိုရိုက်တာ ဒုတိယအကြိမ်ပင်မဟုတ်လား...

"မင်း ငါ့ကိုဘာထင်နေတာလဲ စောဂျေကာအွေ့!!မင်း...မင်းကလေ!!"

မီ စိတ်တိုလွန်းလို့ သူ့ကိုပြောမဲ့စကားတွေတောင် ရှေ့မဆက်နိုင်တော့...
■ဒါသဘောလဲ

"ငါ့ကိုလုပ်ချင်တိုင်းလုပ်ရအောင် မင်းကဘာလဲ!!မင်းတကယ်စိတ်ပျက်စရာပဲ!!"

မီအရှေ့မှာ ပိတ်ရပ် သူ့ကိုယ်လုံးကြီးကိုတိုက်ပစ်လိုက်ကာ ထွက်လာတော့

"ကျွန်တော်မေးတာကို မီမဖြေရသေးဘူးနော်!!ဖြေပေးပါ...ကျွန်တော့်ကိုဘာလို့အဲ့လိုလုပ်ခဲ့ရတာလဲ"

သူမ လက်ကိုဆောင့်ဆွဲကာ မေးလိုက်သည့်သူ့ကြောင့် မီ့ခြေလှမ်းတွေက ရပ်တန့်သွားခဲ့ရသည်...

"မင်း ပြီးပြီးသားကိစ္စတွေကို ဘာလို့အစဖော်နေရတာလဲ!!"

"ဖြေပါ...မီဆီကနေ အဲ့အဖြေကို ကျွန်တော်သိချင်ခဲ့တာ ၁၀နှစ်တောင်ရှိနေပြီ!!"

မီလက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ထားရင်း သူသိချင်နေတဲ့ အဖြေတစ်ခုကိုသာ မီ ဆီကနေ သူမျှော်လင့်မိသည်...

သူ့မေးခွန်းကြောင့် မီ စိတ်ကိုငြိမ်နေအောင်ထားကာ မျက်လုံးကိုဖွဖွလေးမှိတ်ချလိုက်ရင်း

ထို့နောက်မှာတော့ တည်ငြိမ်အေးစက်စွာနဲ့ မီ နှုတ်ခမ်းဖျားကထွက်လာသည့်စကားတစ်ခွန်းက...

"မချစ်လို့!!မင်းကိုမချစ်လို့!!"

စကားလေးတစ်ခွန်းပါပဲ....
လွန်ခဲ့တဲ့၁၀နှစ်ကလို ထပ်တူညီတဲ့ အဓိပ္ပါယ်ရှိတဲ့ စကားလေးတစ်ခွန်းကို မီက ဒုတိယအကြိမ် သူ့ကိုထပ်ပြောရက်လေတော့သည်...

သူစိမ်းပြင်ပြင်မကြင်နာလေသည်မို့(Complete)(Unicode)Where stories live. Discover now