Part(22) OR Final Part

11.1K 223 8
                                    

"သူစိမ်းပြင်ပြင် မကြင်နာလေသည်မို့🔥"

Part (22)
....(OR)....
Final Part
---------
---------

"ငါ့ကို ဘာလို့ဦးကမချစ်တာလဲဟင်!!အေ့...နင်စဉ်းစားကြည့်ပါဦး...ငါ..ငါကလေ ...အေ့...ဦးကိုအရမ်းချစ်တာ!!"

"သွန်း!!!"

သဲသောင်ပြင်ထက် မူးနေတဲ့ သွန်းတစ်ယောက် မျက်ရည်တွေကျရင်း ပြောနေတဲ့ သွန်းကိုကြည့်ပြီး အောင်လဲ ဘယ်လိုနှစ်သိမ့်ရမယ်မှန်း မသိတော့...

အခုမှပထမဆုံး သူငယ်ချင်းတွေစုပြီး ခရီးထွက်ကြတာမို့ အကုန်လုံးက လွတ်လွတ်လပ်လပ်နဲ့ လွတ်လပ်မှုကိုခံစားမိကြသည်...
သူက အရက်နဲ့ပတ်သတ်တဲ့ အလာ့ဂျစ်ရှိသူမို့ သူကလွဲရင် ကျန်တဲ့သူတွေအကုန်မူးနေကြသည်...
အခု သွန်းလဲမူးမူးနဲ့သူ့ကိုရစ်နေလေရဲ့

"နင်ရော...နင်ရော ငါ့ကိုချစ်လားဟင်..ငအောင် နင်ရောငါ့ကိုချစ်လားလို့!!"

"သွန်း နင်မူးနေပြီ!!ငါ အခန်းပြန်ပို့ပေးမယ်!!"

"ဟင့်အင်း...ငါမမူးဘူး...ငါလုံးဝမမူးဘူး!!"

"ကဲပါ...ထ!!ထ!!ငါ အခန်းပြန်ပို့ပေးမယ်!!"

"အော့!!"

"ဟာ!မိသွန်းမ!!ငါပေကုန်ပြီဟ!!"

ပြောလဲပြော သူ့အပေါ်အန်ချလိုက်သည့် သွန်းကြောင့် ငအောင် စိတ်ညစ်သွားရသည်...
အောင် တစ်ယောက် သွန်းကိုဆွဲထူလိုက်ကာ ဘေးကိုကြည့်မိတော့ ဟို၄ယောက်က မူးပြီး သီချင်းဖွင့်ကာ ကွေးနေအောင် ကနေကြလေရဲ့...

"ငအောင်...နင်ကလဲ...ငါ မမူးသေးပါဘူးဆို!!"

"အ!!အ!!
မိသွန်းရေ မူးနေရင်လဲငြိမ်ငြိမ်နေဟ!!ဆံပင်တွေမဆွဲနဲ့!!"

ငအောင် သွန်းကို တွဲကာ စိတ်ညစ်ညစ်နဲ့ သူတို့တည်းရာ ဘန်ဂလိုသို့ သွန်းကိုတွဲခေါ်လာရလေတော့သည်...
သူတို့အဖွဲ့အရက်သောက်ရာနေရာနဲ့ ဘန်ဂလိုနဲ့က အနည်းငယ်တော့ဝေးသည်မဟုတ်လား...

သူတို့အဖွဲ့မှာ မိန်းကလေး၃ယောက် ယောက်ျားလေး၃ယောက်မို့ မိန်းကလေးတွေကတစ်ခန်း ယောက်ျားလေးတွေတစ်ခန်း ယူထားကြသည်ပင်...
အောင် သွန်းတို့ ဘန်ဂလိုအရှေ့ရောက်မှ သတိရလာသည်က

🎉 You've finished reading သူစိမ်းပြင်ပြင်မကြင်နာလေသည်မို့(Complete)(Unicode) 🎉
သူစိမ်းပြင်ပြင်မကြင်နာလေသည်မို့(Complete)(Unicode)Where stories live. Discover now