Part(17)

3.5K 107 0
                                    

"သူစိမ်းပြင်ပြင် မကြင်နာလေသည်မို့🔥"

Part (17)
--------
--------

"မီ!!"

သူ့ရင်ခွင်ထဲ ငြိမ်ကျသွားသည့်မီ ကြောင့် သူ မီ ရဲ့နမည်လေးကိုခေါ်လိုက်မိသည်...

"မောင့်ကို မပြောပြချင်ဘူးလား!!"

"အဲ့လိုမျိုးတော့မဟုတ်ပါဘူး....ဒီတိုင်း....ဒီတိုင်းမပြောပြသင့်ဘူးထင်မိလို့ပါ!!"

"မီ!!"

သူ့ရင်ခွင်ထဲက မီကိုယ်လုံးကိုထုတ်ပြီး မီရဲ့ဖွေးနုနုမျက်နှာလေးကို သူ့လက်၂ဖက်နဲ့ဖွဖွလေးကိုင်လိုက်ကာ

"မီ ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ မောင်ကမီကိုပဲချစ်ပြီး  မီကိုပဲရွေးချယ်နေမှာမို့ ဖြစ်ခဲ့သမျှအကြောင်းအကုန်လုံး မောင့်ကိုပြောပြလို့ရတယ် မီ!!"

"မီ...မီ က လေ!!"

"အွန်း!!"

သူ့ခါးကိုဖက်ကာ သက်ပြင်းဖွဖွလေးချလိုက်သည့် မီကိုကြည့်ပြီး သူစိတ်မကောင်း....

■လွန်ခဲ့တဲ့ ၁၀နှစ်က  မီ ဘာတွေဖြစ်ခဲ့လို့လဲ...
သူ့ကိုပြန်ပြောပြဖို့တောင် ဒီလောက်ထိစိုးရိမ်ထိတ်လန့်နေတဲ့မီရဲ့ အတိတ်တွေက  ဘာတွေများဖြစ်နေခဲ့လို့လဲ....

■မီတစ်ယောက် သက်ပြင်းလေးကိုဖွဖွချကာ
ဒီကိစ္စက မောင့်ကိုနာကျင်ရမယ်ဆိုတာ မီ သိသည်မို့ မပြောပြချင်ပေမဲ့လဲ မီပြောပြသင့်သည်မဟုတ်လား...

"မီ စစ်ကိုင်းကနေထွက်လာတော့ ကိုကြီးနဲ့လက်ထပ်ဖို့ စီစဉ်ဖြစ်တယ်...မီနဲ့ကိုကြီးက စစ်ကိုင်းကိုမီ မလာခင်ထဲကစေ့စပ်ထားကြတာလေ...ဆင်ခြေပေးတာမျိုးမဟုတ်ပေမဲ့ ကိုကြီး လက်ထပ်ဖို့အကြောင်းဖန်လာတာကလဲ သားကြောင့်ပါပဲ..."

"မောင် အဲ့အထိသိထားတယ်!!"

"အွန်း...မီ စံအိမ်ကိုပြန်ရောက်ပြီး ၁လခွဲလောက်နေတော့ မီ ကိုကြီးကို လက်မထပ်နိုင်ဘူးလို့ မေမေ့ကိုပြောလိုက်တယ်...ကိုကြီးကို လက်မထပ်ချင်တဲ့အကြောင်းကလဲ မီဆီမှာ  သေသေချာချာရှိနေတာလဲ ပါတယ်လေ..."

"လက်မထပ်ချင်တဲ့အကြောင်း..."

"အွန်း!!"

မီ စကားကြောင့် သူအနည်းငယ်တွေဝေသွားရသည်...

သူစိမ်းပြင်ပြင်မကြင်နာလေသည်မို့(Complete)(Unicode)Where stories live. Discover now