Part(10)

3.2K 110 1
                                    

"သူစိမ်းပြင်ပြင် မကြင်နာလေသည်မို့🔥"

Part (10)
--------
--------

🏛....ဒဏ္ဍာရီစံအိမ်....🏛

ခမ်းနားထည်ဝါလွန်းတဲ့ အိမ်ရဲ့အပြင်အဆင်နဲ့အတူ ကြီးမားလွန်းတဲ့ကျွန်းတံခါးကြီး သူမ အသာလေးတွန်းဖွင့်လိုက်သည်နှင့်
အေးစက်စက် အငွေ့အသက်တချို့ကို စတင်ခံစားလိုက်ရသည်....

ပြောင်လက်တောက်ပလွန်းတဲ့ အခန်းကျယ်ကြီးရဲ့ကြမ်းပြင်ကို ခြေချလိုက်ကာ မျက်လွှာလေးကိုအသာချရင်း လေသံပြေပြေလေးနဲ့ပြောလိုက်သည်က

"မီ ပြန်ရောက်ပါပြီ..."

မီ ခေါင်းလေးငုံ့ပြီး ကြမ်းပြင်ကိုသာအကြည့်ပို့ထားပေမဲ့ မီ သိလိုက်သည်က တစ်စုံတစ်ယောက်က မီ အနားတဖြည်းဖြည်းရောက်လာသည်ကိုပင်...
ထို့နောက်မှာတော့ မီ မြင်လိုက်သည်က ခြေထောက်ဖွေးဖွေးနဲ့ ချိတ်ထဘီအနားစလေးတစ်ခု

"ခေါင်းမော့!!"

အမိန့်ဆန်ဆန် လေသံတစ်ခုကြောင့် မီ မျက်နှာကိုမော့လိုက်စဉ်

"ဖြောင်း!!"

ပြင်းထန်လွန်းတဲ့ ရိုက်ချက်တစ်ခုက မီရဲ့ပါးပြင်ကို ကြမ်းကြမ်းတမ်းတမ်းကျရောက်လာသည်မို့ မီမျက်နှာလေးပင် လည်ကျသွားရသည်...

"မီ တောင်း...တောင်းပန်ပါတယ်!!"

"ဘာကတိပေးထားလဲ ကိုယ့်ကိုယ်သိလား...နင်အခု ကတိကိုဖျက်ပြီး ငါ့သိက္ခာကိုချချင်နေတာလား လွန်းဟေမီသာ!!"

"မီ တကယ် တောင်းပန်ပါတယ်!!"

"ဟွန်း!!"

မီကို ရွံရှာသည့်ပုံစံနဲ့ ဒေါ်မိုးမခတစ်ယောက်မျက်နှာကို မဲ့ချလိုက်ကာ

"ခဏနေ ဟိန်းလေး လာတော့မယ်...အခန်းမှာသွားစောင့်နေ!!"

"ဟုတ်ကဲ့ မေမေ..."

"သွားတော့..."

"ဟုတ်ကဲ့!!"

မီ နာကျင်လွန်းတဲ့ ပါးပြင်ပေါ်ကခံသားချက်ကို ကြိတ်မှိတ်ခံကာ ထိုအခန်းမှ ညင်သာစွာ လှည့်ထွက်လာမိသည်...

ထို့နောက်မှာတော့...

■■■■■■■■■■■■■■■■■■■■■■■■■■■■■■

သူစိမ်းပြင်ပြင်မကြင်နာလေသည်မို့(Complete)(Unicode)Where stories live. Discover now