Part(21)

4K 100 3
                                    

"သူစိမ်းပြင်ပြင် မကြင်နာလေသည်မို့🔥"

Part (21)
--------
--------

"မေမေ ဘယ်သွားမို့လဲ!!"

လှေကားထစ်တွေပေါ်ကနေ ဆင်းလာတဲ့ မီကြောင့် ဟိန်းလှမ်းမေးလိုက်ခြင်းဖြစ်သည်...
အခုဆို အိမ်မှာ မေမေနဲ့အိမ်အကူအဒေါ်ကြီးသာ ရှိသည်မို့ ဟိန်း ဒီမှာပဲနေဖြစ်တော့သည်...
အရင်ကလဲ မေမေနဲ့အိမ်အကူအဒေါ်ကြီးပဲရှိပေမဲ့
အခုက မေမေက ကိုယ်ဝန်နဲ့မို့ တစ်ယောက်ထဲစိတ်မချ....

"ဆေးခန်းသွားမို့ ...ခဏပဲကြာမှာပါ!!"

"သား လိုက်ပို့မယ်!!"

"နေပါ သားရဲ့ ...ရတယ် မေမေတစ်ယောက်ထဲသွားနိုင်ပါတယ်!!"

"မရပါဘူး...သားလိုက်ပို့ပေးမယ်!!"

ပြောလဲပြော လက်ထဲက ဖုန်းကို ပိတ်ကာ ကားသော့ကို ယူလိုက်သူက ဟိန်း ပင်...

"မေမေ တစ်ယောက်ထဲသွားလို့ဘယ်ဖြစ်မလဲ...ကလေးနဲ့ကားမောင်းလို့မရဘူးလေ!!"

"ကလေးက ငယ်ပါသေးတယ်..."

"အာ...မရပါဘူး...သားလိုက်ပို့မယ်!!"

ကိုယ်ဝန်က လနုနေသေးသည်မို့ မီ ကားမောင်းလို့ရနေသေးသည်ကတစ်ကြောင်း
ပြီးတော့ ကိုယ်ဝန်သွားပြမဲ့ကိစ္စမှာ သားကိုမခေါ်သွားချင်...
သားအပေါ်မှာ နည်းနည်း ရှက်မိသလို ခံစားမိခြင်းဆိုတာတော့ သေချာသည် ...
ဒါပေမဲ့ ...

"မေမေ ဖြေးဖြေးလျှောက်နော်...ချော်မှာစိုးလို့!!"

"ရပါတယ် သားရဲ့..."

အိမ်ထဲကနေ ကားဆီလာတာတောင် စိတ်ပူနေတဲ့သားကြောင့် မီ ခြေလှမ်းတွေတောင် အယောင်ယောင်အမှားမှား...

■ကလေးဆိုတဲ့ အထိအတွေ့နဲ့အတူ အကိုဆိုတဲ့နေရာကို သူ အခုမှ စထိတွေ့ရမှာမို့ ဟိန်းအတွက်စိတ်လှုပ်ရှားမိသည်...
အခု အသက်၁၈နှစ်ရောက်သည်အထိ တစ်ဦးတည်းသော တစ်ကောင်ကြွက်ဘဝနဲ့နေခဲ့ရသည်မို့ ဟိန်းတစ်ယောက် အကိုဖြစ်ချင်တာမှ အရူးတစ်ပိုင်းပင် မဟုတ်လား...

■ပြဿနာတွေကြောင့် ဦးဂျေကို လုံးဝသဘောမကျတော့ပေမဲ့ မေမေနဲ့ ကလေးလေးကိုတော့ သူချစ်သည်...

သူစိမ်းပြင်ပြင်မကြင်နာလေသည်မို့(Complete)(Unicode)Where stories live. Discover now