Part(8)

3.2K 113 2
                                    

"သူစိမ်းပြင်ပြင် မကြင်နာလေသည်မို့🔥"

Part (8)
-------
-------

"မီ ရော့...ဒါလေး ဝတ်ထား..အမေ့အင်္ကျီနဲ့ထဘီဆိုပေမဲ့ ကျွန်တော် သေးတာလေးရွေးလာပေးတယ်!!"

"ကျေးဇူးနော်!!"

"ရပါတယ် မီကလဲ သူစိမ်းကျနေတာပဲ!!"

မီတစ်ယောက် ကာအွေ့နဲ့မြစ်ထဲ ရေအတူတူချိုးရင်း အင်္ကျီနဲ့ဘောင်းဘီကရေစိုသွားသည်မို့ ကာအွေ့တစ်ယောက် သူ့အမေအဝတ်အစားတွေယူလာပေးခြင်းဖြစ်သည်....
ထဘီရေလျားကာ သဘက်လေးတစ်ထည်သာခြုံထားသည့်မီက အခန်းထဲကနေ လက်ကလေးထွက်ရင်း ကာအွေ့ကမ်းပေးတဲ့ အဝတ်တွေကိုယူလိုက်လေသည်...

"မီ အဝတ်မြန်မြန်လဲနော်!!ကျွန်တော်စောင့်နေမယ်!!"

"အွန်း..."

မီတစ်ယောက် ကာအွေ့အမေအင်္ကျီကိုဝတ်ကြည့်တော့ အင်္ကျီကမီနဲ့တော်တော်ပွနေသည် ပြီးတော့ ထဘီကလဲ ကွင်းကြီးသည်မို့ ချာလည်ပတ်လည်ရမ်းနေပေမဲ့ မီ သေချာဝတ်ဖြစ်သည်...

"မီ...လာလေ!!"

အဝတ်လဲပြီး အခန်းထဲကနေ သဘက်လေးနဲ့ဆံပင်တွေသုတ်ကာ မီထွက်လာတော့ ကာအွေ့တစ်ယောက် ကျောက်ပြင်ပေါ်မှာ သနပ်ခါးကို အားပါးတရသွေးနေလေရဲ့...

"တို့နဲ့အဝတ်အစားက အရိုးခြောက် ပလတ်စတစ်အိတ်ပတ်ထားသလိုဖြစ်နေလားဟင်!!"

"ဟာ..ဖြစ်စရာလား မီက ဘာလေးဝတ်ဝတ်လှပြီးသားပဲကို!!"

"အဟွန်း...အပိုတွေက!!"

မီ သူ့စကားကြောင့်ရီလိုက်ရင် သနပ်ခါးသွေးနေတဲ့ သူ့ဘေးနားထိုင်လိုက်သည်

"ရပြီ...သနပ်ခါးမလိမ်းခင်  ဆံပင်ကိုရေခြောက်အောင်အရင်သုတ်ရမယ်!!ကျွန်တော့ကို သဘက်ပေး!!ပြီးရင်ဟိုဘက်လှည့်!!"

မီ ကာအွေ့လက်ထဲသဘက်ကို ထည့်ပေးကာ သူပြောသလို တစ်ဖက်ကိုလှည့်လိုက်တော့
မီ ဆံပင်တွေကို သဘက်လေးနဲ့ရေခြောက်အောင်သုတ်ပေးနေသည့်ကာအွေ့

"ဆံပင်တွေက ရေမခြောက်ရင် မီ ဖျားမှာဆိုးလို့...မီ ဆံပင်တွေကတကယ်ကောင်းတာပဲပြီးတော့လှလဲ လှတယ်!!"

သူစိမ်းပြင်ပြင်မကြင်နာလေသည်မို့(Complete)(Unicode)Where stories live. Discover now