Part(3)

4.2K 159 0
                                    

"သူစိမ်းပြင်ပြင် မကြင်နာလေသည်မို့🔥"

Part (3)
-------
-------

《《《...နူးညံ့ညင်သာသောစိတ်အစဉ်တို့၏
လှပသောကောက်ကြောင်းတွေသည် တောက်ပသောအနာဂတ်တစ်ခုဆီသို့ပင် ဦးတည်တတ်၏....》》》

"ကာအွေ့!!"

မီနှုတ်ဖျားမှ တိုးတိုးလေးရေရွတ်မိတဲ့ အမည်နာမလေးတစ်ခုနဲ့အတူ...
ကာအွေ့ကတော့ သူ့ပုံစံအတိုင်း ပုဆိုးတိုတို အင်္ကျီလက်တိုနဲ့ နှီးခြင်းတောင်းကြီးတစ်ခုကို ပုခုံးပေါ်တင်ကာ မြစ်ဆိပ်က သဘောင်္ဆီ သွားတင်လေတော့သည်...
မီ ကြည့်နေတုန်းမှာပဲ ကာအွေ့အနောက်က သနပ်ခါးအဖွေးသားနဲ့ဝါးခမောက်ဆောင်းထားတဲ့ အသက်၅၀ကျော် ဝဝဖိုင့်ဖိုင့် အသားဖွေးဖွေး အဒေါ်ကြီးတစ်ယောက် က ထပ်ကြပ်လိုက်သွားလေသည်...

"အဲ့ဒါ ကာအွေ့အမေလေ...ကာအွေ့က သူ့အဘနဲ့တူတာ မီရဲ့...သူ့အဘကသူ့လိုပဲအသားညိုတယ် "

"အော်..."

"မီ ဘာစားမလဲ!!"

ဝင့်အပြောကြောင့် မီ ဘေးကစျေးသည်တွေကိုကြည့်မိတော့ မုန့်သည်တွေ အသားသည်တွေအစုံပါပဲ...
မီ မျက်လုံးဝေ့ကြည့်ရင်း တစ်နေရာအရောက်မှာတော့

"မီ အဲ့ဒါစားချင်တယ် ဝင့်!!"

ဝင့် မီ ညွှန်ပြတဲ့ နေရာကိုကြည့်မိတော့ မြန်မာမုန့်တွေရောင်းနေတဲ့မုန့်သည်ပင်...

"အွန်း လာလေ မီ!!"

မီ ထိုမုန့်သည်အဖွားဆီကနေ မုန့်ကြိုးလိမ် မုန့်လုံးသီးကြော်တွေကိုဝယ်လိုက်ပြီး ပြန်အလှည့်....

"မီ!!"

ခေါ်သံလေးတစ်ခုက မီ နားထဲပြေးဝင်လာလေသည်...

"ကာအွေ့ နင့်အမေ မြင်းခွာသွားပို့တာလား!!"

"မြင်းခွာက မနက်ထဲက ကျွန်တော် ပဲ့ထောင်နဲ့ မြို့ထဲပို့ပြီးပြီ...အခုအမေက စျေးသွားရောင်းတာ...အမေကစျေးမရောင်းရရင်ကိုမနေနိုင်တာလေ...မီ ဘုရားသွားမို့ဆို ခနနေ ကျွန်တော်လာခေါ်မယ်လေ..."

ကာအွေ့စကားကြောင့် မီ အံ့ဩသွားရကာ မီထက် ခေါင်းတစ်လုံးမက ပိုမြင့်တဲ့ သူ့ကို မော့ကြည့်မိတော့

သူစိမ်းပြင်ပြင်မကြင်နာလေသည်မို့(Complete)(Unicode)Where stories live. Discover now