Part(14)

3.2K 102 1
                                    

"သူစိမ်းပြင်ပြင် မကြင်နာလေသည်မို့🔥"

Part (14)
--------
--------

"ခင်များတို့တော်ကြပါတော့!! ဒီမှာ မီကြောက်နေပြီ!!"

နေဗျူဟာတစ်ယောက် ဒဏ္ဍာရီစံအိမ်ရဲ့ဧည့်ခန်းထဲမှာ  မျက်ရည်တွေကျနေကာရှိုက်ကြီးတငင်ငိုနေတဲ့ မီ ကိုရင်ခွင်ထဲ တင်းကြပ်နေအောင်ဖက်ထားရင်း  ရဲတွေကို အော်ပစ်လိုက်လေသည်...

"ကျွန်တော်တို့ကတာဝန်အရ အိမ်ကလူအစုံစစ်ရတာပါ လူကြီးမင်း!!"

"မေမေက သူ့ဘာသာ လှေကားပေါ်ကချော်ကျတာလေ...အမေကိုရုတ်တရက်ဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းနေတဲ့ သမီးတစ်ယောက်ကို ခင်များတို့ဒီလိုမေးခွန်းတွေမေးကြီး ထပ်နှိပ်ဆက်နေတာလား!!"

မနက်မိုးလင်းအချိန်မှာ စံအိမ်ထဲ အလုပ်သမားတွေ အလုပ်လုပ်ရန်ရောက်ချိန်မှာတော့ လှေကားခြေရင်းက သွေးအိုင်ထဲမှာ အသက်ကင်းမဲ့နေတဲ့
ဒေါ်မိုးမခ အလောင်းကြောင့် ထိတ်လန့်ကာ ရဲစခန်းကိုအကြောင်းကြားခဲ့ကြခြင်းဖြစ်သည်...

နေဗျူဟာ ထိုသတင်းကိုကြားကြားချင်း စံအိမ်ကိုအပြေးလာခဲ့တော့ မီ တစ်ယောက်က ဧည့်ခန်းထဲမှာ မျက်ရည်အရွှဲသားနဲ့ ရှိုက်ကြီးတငင်ငိုနေလေရဲ့...

"မနေ့ညက စံအိမ်မှာ ဒီက မလွန်းဟေမီသာ နဲ့သေဆုံးသူဒေါ်မိုးမခ ၂ယောက်ပဲရှိနေခဲ့တာဆိုတော့ မလွန်းဟေမီသာအနေနဲ့ အသံတစ်ခုခုများမကြားခဲ့ဘူးလားခင်မျ!!"

"အဟင့်...မီ...မီကလေ နေမကောင်းဖြစ်နေတော့ ညက ဆေးအရှိန်နဲ့ အိပ်ပျော်သွားတာ..အဟင့် !!မီ သာ ..မီ သာ...ညက အိပ်မပျော်သွားရင် မေမေ က လေ...မေမေက အခုလိုဖြစ်မှာမဟုတ်ဘူး...အဟင့်!!"

ပြောလဲပြော ငိုလဲငိုနေသည့် မီကိုကြည့်ပြီး ရဲတွေအပါအဝင် အလုပ်သမားတွေလဲစိတ်မကောင်းကြ...
မနေ့က မီ နေမကောင်းတာကြောင့်ဆရာဝန်တောင်ခေါ်ခဲ့ရကြောင်း အလုပ်သမားဒေါ်ညိုမှ ထွက်ဆိုခဲ့သည်မို့
ထိုအမှုက သေမှုသေခင်းအဆင့်သာ...

"ကျွန်တော်တို့ ပြန်ဆက်သွယ်ပါ့မယ်ခင်မျ!!"

"ဟုတ်ကဲ့ပါခင်မျ!!"

သူစိမ်းပြင်ပြင်မကြင်နာလေသည်မို့(Complete)(Unicode)Where stories live. Discover now