Part(2)

5.4K 165 1
                                    

"သူစိမ်းပြင်ပြင် မကြင်နာလေသည်မို့🔥"

...Part (2)...
-----------
-----------

~~~တိုးမြစ်သည် ဧရာဝတီဖြစ်မှ မြစ်ဖျားခံ၏~~~
.....ထို့အတူ....
《《《တစ်စုံတစ်ယောက်ရဲ့ အချစ်သည်လဲ တစ်စုံတစ်ဦးဆီမှ မြစ်ဖျားခံ၏》》》

'မီ'
သူမ နမည်က 'မီ'တဲ့...

မီကလှတယ်....
နူးညံ့တယ်....
သိမ်မွေ့တယ်....

'လွန်းဟေမီသာ'
အသက်၂၃နှစ်အရွယ် ရှိနေတဲ့ မီက သာမန်မိန်းကလေး တွေနဲ့ မတူညီစွာ သာမန်ထက်ပိုတည်ငြိမ်လွန်းသည်ဟု သူထင်မိသည်...
ဖြူဖွေးနေတာမျိုးမဟုတ်ပဲ ဝါဝင်းဝင်းအသားအရည်နဲ့ ကျောတစ်ဝက်ထိ ခွေလိပ်စွာဖြန့်ကျက်ထားတဲ့ ဆံနွယ်နက်တွေဟာ လိုက်ဖက်လွန်းသည်...
အပြစ်အနာအဆာ ကင်းစွာ ပြောင်ရှင်းနေတဲ့မျက်နှာနုနုလေးရဲ့ဘယ်ဘက်ပါးပြင်ထက်က စံပယ်တင်မှဲ့စိမ်းလေး မီရဲ့ရင့်ကျက်မှုနဲ့ လိုက်ဖက်ညီလှလွန်းသည်မဟုတ်လား.....

"မီ ငါးရှဉ်မစားဘူးဆိုရင် ကျွန်တော့်အိမ်မှာ ကြက်သားဟင်းချက်တယ် ကျွန်တော်သွားယူပေးမယ်လေ!!"

"အေး ဟုတ်တယ်...အဲ့လိုလုပ်မှရမယ် ကာအွေ့ရေ...မီ တစ်လမ်းလုံး ဘာမှစားလာတာမဟုတ်ဘူး!!"

ကာအွေ့စကားကို ဝင်ထောက်ခံလိုက်သည်က ဝင့်နွယ်...

"ရ...ရပါတယ်...အိမ်ကနီးလို့လား!!"

"အပြန်ကျရင် ကျွန်တော်ဆိုင်ကယ်နဲ့ပြန်လာမယ်လေ...ရတယ်...မီ ခဏစောင့်လို့ရတယ်မှတ်လား!!"

ပြောလဲပြော အိမ်ပေါ်ကနေ ပြေးဆင်းသွာသည့် ကာအွေ့...
အိမ်ကနေ ပြေးထွက်သွားတဲ့ ထိုကောင်လေးကိုကြည့်ပြီး မီ အားနာမိသည်ကအမှန်

"ဝင့်ရယ်...အား..အားနာစရာကြီး!!"

"အားမနာနဲ့ မီ...ကာအွေ့က အဲ့လိုပဲ...မပူပါနဲ့ သူ့မှာဆိုင်ကယ်ရှိတာပဲကို!!ရော့...အမေရော့...ဒါက အမေ့အတွက် ထဘီ...ဒါက သဘက်..."

ဝင့်ကတော့ အေးဆေးပြောနေပေမဲ့ မီကတော့ ထိုကောင်လေးကို အားနာမိသည်က အမှန်...
ကိုယ့်အတွက်နဲ့ တစ်ဖက်လူကို တကူးတကကြီး အလုပ်ပေးသလိုဖြစ်နေမိသည်မဟုတ်လား...

■■■■■■■■■■■■■■■■■■■■■■■

"အ မေ ရေ...."

"ဝေ..."

သူစိမ်းပြင်ပြင်မကြင်နာလေသည်မို့(Complete)(Unicode)Where stories live. Discover now