Part(7)

3.4K 124 3
                                    

"သူစိမ်းပြင်ပြင် မကြင်နာလေသည်မို့🔥"

Part (7)
-------
-------

"နင်ပဲဆိုင်ကယ်ရှိတာလေ ကာအွေ့ရဲ့...ငါတို့ ပဲ့ထောင်နဲ့လာခဲ့မယ်...နင် မီကိုခေါ်သွားလိုက်!!"

"ရ..ရပါတယ်...မီ ဝင့်တို့နဲ့ပဲ လိုက်..."

"အာ့ဆို မီကိုကျွန်တော်ခေါ်သွားပြီ!!လာ...မီ!!"

မီ စကားပင်မဆုံးလိုက် ...
ကာအွေ့က ချက်ချင်းဆိုသလို မီ လက်ကိုအတင်းဆွဲလေတော့သည်...

"နေ..နေပါဦး ကာအွေ့ရယ်!!"

"ဘာကိုလဲ မီ!!"

"တို့ ၂ယောက်ထဲသွားလို့ဘယ်ကောင်းမလဲ...တို့ ဝင့်နဲ့ပဲလိုက်လာခဲ့မယ်...မင်းဆိုင်ကယ်သွားနှင့်လေ!!"

"အဟက်!!"

မီ စကားကြောင့် ကာအွေ့ရီလိုက်ရင်း  မီ နားရွက်ဖျားလေးနားကပ်လိုက်ကာ လေသံပြေပြေလေးနဲ့ ၂ယောက်ထဲကြားရယုံကပ်ပြောလိုက်သည်က

"ဒီနေရာမှာ မောင်နမ်းတာ မခံချင်ရင် အေးဆေးလိုက်ခဲ့နော် မီ..."

"ဟင်!!"

သူ့ရဲ့ခြိမ်းခြောက်လိုက်တဲ့စကားနဲ့အတူ  သူ့နှာခေါင်းဝကလေနွေးနွေးလေးတွေက မီ နားရွက်လေးတွေကိုလာရောက်ကျီဆယ်လေရဲ့...
မီ သူ့စကားကြောင့် ထိုနေရာမှာ အူကြောင်ကြောင်ရပ်နေမိသည်...

"လိုက်သွားလေ မီရဲ့!!"

"ဟို..."

မီ  စကားပင်မစရသေး...
သူကမီနဲ့ မျက်နှာချင်းဆိုင်ကနေကြည့်ကာ မျက်ခုံးလေးပင့်ပြလေသည်...
■အဓိပ္ပါယ်က မီကို စကားဆက်ပြောခိုင်းခြင်း...
သူ့အကြည့်နဲ့သူ့ပုံစံက တကယ်ထနမ်းမယ့်ရုပ်ကြီးမို့မီလဲ တုန်တုန်ယင်ယင်နဲ့

"အာ့ဆို...မီ...မီ...ကာအွေ့နဲ့ လိုက်သွားလိုက်မယ်နော်.."

"အဟက်!!ဒီလိုမှပေါ့..."

မီစကားကိုကြားလိုက်တော့ သူကကျေနပ်စွာပြုံးပြီးမီ လက်ကိုကိုင်ကာ ဆိုင်ကယ်ဆီကိုလမ်းလျှောက်လာလေတော့သည်...
ဝင့်တို့ကတော့ မီ့ကိုရီပြကာ

"မီ ဝင့်တို့ စိမ်းမြကန်သာမှာဆုံမယ်နော်..."

"ရတယ်...အမ အေးဆေးသာလိုက်လာခဲ့..."

သူစိမ်းပြင်ပြင်မကြင်နာလေသည်မို့(Complete)(Unicode)Where stories live. Discover now