Part(15)

3.6K 105 0
                                    

"သူစိမ်းပြင်ပြင် မကြင်နာလေသည်မို့🔥"

Part (15)
--------
--------

"ကာအွေ့!!"

မီကို ကြည့်ကာ သီချင်းဆိုနေတဲ့ သူ့ကိုကြည့်ပြီး မီ တအံ့တဩဖြစ်နေရသည်...

"Woww...တကယ်သီချင်းကောင်းကို ပြန်ဆိုနေတာပဲ...!!"

ကိုသွင့်စကားကြောင့် မီ ပြုံးယုံသာပြုံးပြလိုက်သည်...
■ကာအွေ့က ဘာလို့ သီချင်းဆိုနေတာလဲ....

ထို့နောက်မှာတော့...
ဂစ်တာကိုချပြီး စင်ပေါ်ကနေ တလှမ်းချင်းဆင်းလာကာ မီ ဆီကိုတည့်တည့် ရောက်လာသူက "ကာအွေ့"ပင်...

"မီ!!"

"ဟင်!!"

မီ ဘေးနားကခုံမှာ ခွင့်မတောင်းပဲနေရာယူလိုက်သည့် သူ့ကြောင့် မီ အခုထိ ဆွံအနေဆဲ...

"မင်း...မင်း ဘာလာလုပ်တာလဲ!"

"ဘာလို့လဲ...ကျွန်တော် လာလို့မရဘူးလား!!"

အခုမှ မီ သတိရကာ အရှေ့ကိုကြည့်မိတော့ ကိုသွင်က သူနဲ့မီကိုကြည့်နေသည်က တအံ့တဩ...

"မီ တို့က အသိတွေလား!!"

"အဲ့ထက်ပိုတယ်!!"

"ကာအွေ့!!"

ကိုသွင့် အမေးကို ဖြတ်ကာဝင်ဖြေလိုက်သည့် ကာအွေ့ကြောင့် မီ ကိုသွင်ကိုအားနာသွားရသည်...
မီ Legendက ထွက်လာထဲက မီကားနောက်ကနေ သူလိုက်လာခြင်းပင်...
ဒီရောက်တော့ မီက ဒီလူနဲ့ တွေ့ကာ ထမင်းတောင်လက်ဆုံစားနေသည်မို့ သူလုံးဝမကျေနပ်နိူင်တော့...

"ကို ပြန်တော့မယ် မီ!!နောက်နေ့မှ ထပ်တွေ့ကျတာပေါ့!!"

"ဟိုလေ ကိုသွင်!!"

"ကောင်းကောင်းသွားပါဗျ!!"

မီရဲ့စကားပင်မဆုံးလိုက် အတင်းအကြပ်တွေဖြတ်ပြောနေသည့် သူ့ကြောင့် သွင်တစ်ယောက် မီကိုပြုံးပြပြီး ဝိုင်းထဲကနေ ထထွက်သွားလေတော့သည်...

"စောဂျေကာအွေ့!!"

"ဗျာ...."

မီ စိတ်တိုလွန်းလို့ သူ့နမည်ကိုဆောင့်ခေါ်လိုက်ပေမဲ့ သူကတော့ မထုံတက်တေး ပုံစံနဲ့ ပြန်ထူးသည်မို့ မီ ပိုစိတ်တိုလာရသည်...

သူစိမ်းပြင်ပြင်မကြင်နာလေသည်မို့(Complete)(Unicode)Where stories live. Discover now