Part (1)

13.1K 568 77
                                    

[Unicode]

သာယာသော မနက်ခင်းလေးကဒီအိမ်ထောင်ရေးကြောင့် ပျက်စီးပြန်ရလေရဲ့။မနက်ဝေလီဝေလင်း သူများတွေအိပ်မောကျနေချိန်မှာ သူတို့ကတော့ အတူတူအိပ်မနေသည့်အပြင် ဖုန်းထဲကနေစကားများနေခဲ့တာ။

"မောင်! "

"ဘယ်သူကအားနေမှာလဲ..မောင်လဲ အလုပ်လုပ်နေတာပဲလေ.. "

"ပြန်မလာနဲ့! အိမ်ကိုပြန်မလာနဲ့! အဲ့အလုပ်မှာပဲနေလိုက်... "

"ကျစ်! "
_________________

မောင်နဲ့သူရဲ့အိမ်ထောင်ရေးလေး။ နှစ်ယောက်လုံးက မချစ်လို့မဟုတ်ဘူး၊ချစ်လွန်းလို့လက်ထပ်ထားကြတာ။ နှစ်ယောက်လုံးကဆင်းရဲ၍လဲမဟုတ်။ ချမ်းသာသော အသိုင်းအဝိုင်းကနေ ဆင်းသက်သောသူတွေပါ။ မောင့်ဘက်ကကော၊သူ့ဘက်ကကော ကြည်ကြည်ဖြူဖြူနှင့်မိဘတွေက လက်ခံပေးကြခဲ့တာ။

သို့သော် မောင်ကရုပ်ရှင်ရိုက်၍ မင်းသားလုပ်ရသော အလုပ်ကိုနှစ်သက်သည်။ ဒါက သူ့နှင့်ရည်းစားဘ၀ထဲက မောင်လုပ်သည်မို့။ ခွင့်ပြုခဲ့ပါသည်။

(၂)နှစ်ပြည့်တဲ့ ရည်းစားဘ၀လေးမှာ "မောင်ကလက်ထက်ကြရအောင်"ဟူ၍ပြောလို့ သူလက်ခံခဲ့သည်။ဒါမဲ့ သူတွေးထင်ထားတာနဲ့အခုလက်တွေ့‌ ပေါ်လာသော အိမ်ထောင်ရေးက တစ်ခြားစီ။တစ်ရက်၊တစ်ရက်ပို၍ပင် စိတ်ကုန်လာဖို့ကောင်းရင်းပေါ့။

မောင်နဲ့သူကြားက အဓိကပြသနာသည်။မောင်က သူ့ထက် အလုပ်ကိုပိုချစ်တာ။

________________

အိပ်ရာပေါ်ကနေ ဆံပင်တွေကိုဆွဲဖွပစ်လိုက်ရင်း အိပ်ဖို့စိတ်ကူးမရှိတော့။ မနက်(၄)နာရီပင်ရှိလေပြီ။ မောင်ပြန်မလာသေး။ အဲ့လောက်တောင် အလုပ်တွေကလုပ်ရတာလား။ ကိုယ့်ယောက်ျားနဲ့ကိုယ် အိမ်မှာ ပြန်မအိပ်နိုင်တဲ့အထိလေ။

ဟိုဘက်လှည့်၊ဒီဘက်လှည့်နှင့် အိပ်‌မပျော်သည့်အဆုံး ရေချိုးဖို့သာပြင်လိုက်သည်။ သူနှင့်မောင်ရဲ့ ညားခါစအိမ်ထောင်ရေးကလွဲရင် ဘယ်အချိန်ကိုမှ သဘောမကျ။ ထိုညားခါစတုန်းကဖြင့် တစ်လတိတိ ‌သူ့အပေါ်မောင်တာ၀န်ကျေခဲ့ပါသည်။ တစ်လပဲနော်။တစ်လဲပဲ။ နောက်လကစပြီး သူ့အလုပ်ကိုချစ်ကြောင်းတွေက ပိုလာတော့တာ။

"မောင့်သက်လျာ.. " {Completed}Where stories live. Discover now