Part (11)

5.1K 374 55
                                    

[Unicode]

"ငါ့အပိုင်ကို မင်းကခါးကနေတောင်ဖက်လိုက်တာလား ဆော့ဂျင်ရှီးးး "

"လဲကျသွားမှာဆိုးလို့ငါကကူညီရုံပဲ.. စောက်ပိုပြောမနေနဲ့"

အကိုဆော့ဂျင်က မောင့်ရဲ့စကားကို ပြန်၍ချေပသည်။ မောင်က‌တော့သူ့ရဲ့ခါးကို ဖက်ထားဆဲပင်။ မောင့်ရဲ့မျက်နှာအားမော့ကြည့်မိသည်။ အလွန်နီးကပ်သော ထိုအနေအထားမှာ မောင်ကတော့သူ့ကိုမကြည့်ပဲ အရှေ့ကအကိုဆော့ဂျင်ကိုကြည့်နေတာဖြစ်သည်။

မောင်ကအခုသ၀န်တိုနေတာလား။ ဒီမောင်ကလေ သူ့ကိုသ၀န်တိုနေတာလား။အခုလိုကြတော့လဲ သူ့မောင်က ချစ်ဖို့ကောင်းနေပါရော။ ကလေးတစ်ယောက်လို သူ့ပစ္စည်းကိုသူများထိရင် မကြိုက်သည့်မျက်နှာမျိုးနှင့်ပေါ့။

မောင့်ရဲ့မျက်နှာကို ထိုနီးကပ်သောအနေအထားနှင့်ပင် စိုက်ကာကြည့်နေမိသည်။ သူကြည့်တာကိုမောင်ကမြင်သွားဟန်...အညိုမျက်လုံးတွေကသူ့ကိုစိုက်ကြည့်လာ၏။ သူကလဲထိုအကြည့်တွေကို မလွှဲရှောင်ပဲ ပြန်၍စိုက်ကြည့်နေသည်။

ပတ်၀န်းကျင်ကိုမေ့နေဟန် ထိုသို့အနေအထားနှင့်ပင် ‌တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်နေကြသည်။

"မောင်~~ "

အင်္ကျီကဟိုက်နေသောကြောင့် ပေါ်နေသော ညှပ်ရိုးလေးကို မောင်ကနှာခေါင်းလေးနှင့်ကျီစယ်၏။ နမ်းနေသော မောင့်ရဲ့နားဖျား‌လေးသို့ကပ်ကာ တိုးညင်းစွာခေါ်မိ၏။ မောင်ကတော့ဂရုမစိုက်ဟန် ထိုလူမြင်ကွင်းကြီးမှာတောင် ထိုသို့လုပ်နေသည်တဲ့။

နှာခေါင်းနှင့်တင်မကပဲ နူတ်ခမ်းပါးတို့နှင့်ပါ ဆုပ်ယူနေသောကြောင့် သူ့မှာမျက်လုံးတို့ပင်မှိတ်ကျ၍ မောင့်ပခုံးပေါ်တင်ထားသော လက်တို့ကလဲ မောင့်အင်္ကျီကိုအလိုလိုဆုပ်ကိုင်မိသည်။

"မောင်~~တော်တော့.. "

သေချာတာကတော့ သူ့ရဲ့ထိုနေရာလေးသည် အနီကွက်ဖြစ်သွားလေပြီ။ မောင်က သူ့ကိုပြန်ကြည့်၍ ရယ်နေလေရဲ့။ အနောက်က အကိုဆော့ဂျင်သည် ရုတ်တရက် သူ့လက်ကိုဆွဲလာသည်မို့ မောင့်ရင်ခွင်ထဲကနေ အပြင်သို့ပါသွားရ၏။

"မောင့်သက်လျာ.. " {Completed}Where stories live. Discover now