Part (12)

5.2K 369 62
                                    

[Unicode]

ထို့နောက်တော့ သူနှင့်မောင် ရုပ်ရှင်ပြပွဲသို့ပြန်၍ထွက်လာခဲ့သည်။ မောင်ကတော့ပုံမှန်အတိုင်းပါပင်။အရယ်အပြုံးမပျက်ခဲ့။ ထို့အတူမောင်က သူ့ရဲ့လက်မောင်းကိုချိတ်ကာ လျှောက်ခိုင်းသည်။

သူလဲအဆင်ပြေသလိုပါပဲဟန်ဆောင်ခဲ့ပါသည်။ သို့သော်မျက်လုံးထဲမှာတော့ မောင့်ဘေးက မန်နေဂျာ မိန်းကလေးဆီမှာပင်။ အဲ့ကျောက်စိမ်းရောင်ဆံထိုး။ ဟင့်အင်းမဟုတ်လောက်ပါဘူး။

"ဂျွန်ခနလေးနေရင်ပြန်ကြမယ်နော်.. "

သူရဲ့စိတ်ရူပ်ထွေးနေတာကို မောင်ကသတိထားမိဟန်။ တိုးညင်းစွာပြောလာ၏ သူလဲခေါင်းလေးပြန်ညိတ်ပြလိုက်သည်။

နောက်တော့မောင်က အကုန်လုံးကိုနူတ်ဆတ်ဖို့ထွက်သွား၏။ ထိုနေရာ၌ မောင့်ရဲ့မန်နေဂျာနှင့်သူ နှစ်ယောက်ထဲသာ ကျန်ခဲ့တော့သည်။

ထိုမိန်းကလေးက သူ့ကိုမြင်တိုင်းပြုံးပြုံးပြ၏။ သူ့စိတ်ထဲမှာ ဘာကိုအလိုမကျမှန်းမသိ။ပြန်၍ပြုံးပြနေပေမဲ့ စိတ်မပါခဲ့။

"ဟိုလေ.. "

"ဟုတ်ကဲ့ဆရာကတော်.. "

မနေနိုင်သည့်အဆုံးမေးရန်ကြံရွယ်လိုက်တော့သည်။

"အဲ့ကျောက်စိမ်းရောင်ဆံထိုးလေးကလှလိုက်တာနော်..ဘယ်ကဝယ်တာလဲ မသိဘူး.. "

===================

မောင်နှင့်သူသည် ဟိုတယ်‌ဆီသို့ လာခဲ့ကြသည်။

မောင်ကတော့ အပြုံးမပျက်ပေမဲ့ သူကတော့မောင့်ကိုကြည့်၍ ကောင်းကောင်းတောင်မပြုံးပြနိုင်ခဲ့ပေ။

"ဂျွန်..ဘာလို့လဲ "

"ဟင်..ဟင့်အင်း မောင်ငါစိတ်ကြွဆေးသောက်ချင်တယ်.. "

"ဟမ်.. "

မောင့်အားစိတ်ကြွဆေး‌တိုက်ဖို့ တောင်းဆိုခဲ့မိသည်။ ဘာလို့ဆို မောင်ကသူနှင့်အတူတူနေဖို့ ဒီကိုလာခဲ့ခြင်းမဟုတ်လား။ အခုလောလောဆယ် သူ့စိတ်တွေကဘယ်လိုမှမပါတာမို့ ဆေးနှင့်ပင်စိတ်တွေကိုကြွအောင် လုပ်ရပေလိမ့်မည်။

"ဘာလို့လဲဂျွန်.. "

"လုပ်ပါ..ငါမောင်နဲ့အတူနေချင်လို့.."

"မောင့်သက်လျာ.. " {Completed}Where stories live. Discover now