Part (28)

5K 331 24
                                    

[Unicode]

တီတောင်*

မောင်မေးသော မေးခွန်းကိုလျစ်လျူရူကာ အဆတ်မပြတ်တီးနေသော ဘဲလ်ခေါင်းလောင်းသံကြောင့် တံခါးအရင်ဖွင့်ပေးမိသည်။ အိမ်တံခါးအားဖွင့်ပေးလိုက်တော့ လက်ချိတ်၍စောင့်နေကြပါသော သူတို့နှစ်ဦး။ သူ့မှာမူးပင်မေ့လဲမတတ်။

"အယ်!! အကိုဆော့ဂျင်နဲ့ လက်ထက်မယ်ဆိုတဲ့သူက အကိုနမ်ဂျွန်းလား.. "

"ဟဲဟဲ.. "

"မောင်ရေ..မောင်! လာဦးဒီကို! "

ထိုခြံတံခါးရှေ့ကနေပင် အော်ခေါ်နေမိသည်။ မကြာပါ သူအသံသေးသေးလေးကြောင့် ထွက်လာပါသည့်မောင်။ Apron ကြီး၀တ်ကာ လက်တစ်ဖက်က ဆီးကြော်ဇွန်းကိုကိုင်လျက်ဖြင့်။

"ဟမ်! နမ်ဂျွန်း.. "

မောင်ကလဲသူ့နည်းတူပါပင်။ ကြောင်အလို့။

==================

"ဒီတော့ မင်းတို့က ဘယ်တော့‌လက်ထက်ကြမှာလဲ.. "

"ရှေ့လလောက်ပေါ့.. "

"ပြောတော့ နမ်ဂျွန်းဆိုတာရှိသရွေ့ မင်္ဂလာပွဲဆိုတာ မရှိဘူးဆို ဘယ်နှယ့်လဲ "

"မင်းကလဲကွာ.."

အကိုနမ်ဂျွန်းနှင့်မောင်က စကားမြည်စပြောနေကြ၏။ အကိုဆော့ဂျင်ကတော့ ဘာမှပင်၀င်မပြောပဲ ဖျော်ရည်သာပဲသောက်နေသည်။

"ဒါပေမဲ့ ကျနော်တို့က လာနိုင်မယ်မထင်ဘူး.."

သူ့ဆီကထွက်လာသောစကားကြောင့် အကိုနမ်ဂျွန်းနဲ့အကိုဆော့ဂျင်က တအံ့တဩကြည့်သည်။ မောင်ကတော့သူ့လက်လေးကိုဆုပ်ကိုင်လျက် သိသူပီပီခေါင်းညိမ့်လျက်ပေါ့။

'ဟုတ်တယ် ဂျွန်ရဲ့ကိုယ်၀န်က (၈)လထဲရောက်နေပြီ... "

"အာ..ရပါတယ်ကွာ၊ အားနာစရာမဟုတ်ပါဘူး "

"တကယ်ပဲ အားနာရတယ် အကိုတို့ကို.. "

"အားနာစရာမဟုတ်ပါဘူးဂျောင်ကုရယ် ကိုယ့်ကိုကိုယ်သာဂရုစိုက်ပါ..တစ်ခုခုဖြစ်ရင်လဲ အကို့ကိုဖုန်းဆက်ဖို့မမေ့နဲ့ "

အကိုဆော့ဂျင်က သူ့ကိုအားပေးစကားဆို၏။ မောင်ကတော့ မျက်နှာကပျက်ချေပြီ။ တိုစရာမရှိ။ လိုက်ပြိုင်ပြီး သ၀န်တိုနေတာလေ။

"မောင့်သက်လျာ.. " {Completed}Where stories live. Discover now