Part (17)

5.4K 368 100
                                    

[Unicode]

"ပြော မောင့်စိတ်တွေပြေလာအောင်ထိ ဖြေရှင်းချက်ပေး.. "

"အဲ့တာကမောင်ရယ်..ဟာရူမှာက ရည်းစားရှိတယ်..သူကောင်လေးက ဒယ်ဟိုတဲ့.. ဒါမဲ့ဟာရူတို့အိမ်က လက်မခံမပေးဘူး..အဲ့တာကြောင့် သူကငါတို့အိမ်မှာ ခနလောက်ပဲနေမို့တဲ့ ငါလဲ..ငါ့ရဲ့တူလေးဖြစ်နေတာကော နောက်ပြီး..သနားလို့ "

စကားရဲ့အဆုံးသတ်လေးက တိုး၀င်သွားသောကြောင့် ဂျွန့်ကိုကြည့်မိ၏ ခေါင်းလေးကိုငုံ့၍ လက်နှစ်ဖက်ကို ပွတ်သပ်နေပါသောဂျွန်သည် ကလေးတစ်ယောက်လို။ အမြဲအဲ့ကလေး မပွင့်လင်းတာက ဒီကောင်ကြီးကို လူဆိုးဖြစ်စေတာ။

"ဟုတ်ပြီ..အဲ့တာကို ဖုန်းပြီးထဲက ဘာလို့မောင့်ကိုမပြောတာလဲ..မောင့်ကိုအရင်တိုင်ပင်ရမှာ မဟုတ်ဘူးလား.. "

"မောင်ကင့ါကို သ၀န်တိုနေတာနဲ့ ငါလဲ မေ့သွားတာပေါ့..ပြီးတော့ သူကဒီနေ့လာမယ်လို့ မထင်ထားဘူးလေ..အဲ့တာကြောင့် နောက်မှပြောမယ်လုပ်လိုက်တာ.. "

"လာဦးမောင့်ဆီ.. "

ကုတင်ခြေရင်း၌ထိုင်နေသော သူ့ဆီသို့ဖြေးဖြေးချင်းလျှောက်လာပါသောလေ။ဘေး၌ မလူပ်မရပ် မတ်တပ်ရပ်နေ၏။ လက်ကလေးကနေ ဆွဲချလိုက်တော့ ပြုတ်ကျလာပါသော ခန္ဓာငယ်သည် ရင်ခွင်ထဲနှင့် ပေါင်ပေါ်သို့။

"မောင်ပြောမယ်..သေချာနားထောင် ဘာကိစ္စပဲဖြစ်ဖြစ် နောက်ဆိုတဲ့ဟာကိုမထားနဲ့ ပွင့်ပွင့်လင်းလင်း လောလောလတ်လတ်ပြောလိုက်..မဟုတ်ရင်အဲ့ဒီ နောက်ဆိုပြီးလုပ်လိုက်တာက..မောင်တို့အခုအဆင်မပြေတာပဲ.. "

"ငါသိပါပြီမောင်..နောက်ဆို မလုပ်တော့ပါဘူး.. "

"မောင့်အသက်က လိမ်မာလိုက်တာ..ရွှတ်* "

ပါးဖောင်းဖောင်းလေးသို့ နစ်၀င်အောင်နမ်းလိုက်တော့ ပြုံးပြ၏။

ဒီမောင်ဟာ ရုတ်ချည်းပြောင်းလဲ၏။ အပြောင်းအလဲမြန်သော သန္ဓေပြောင်းလူသားများမှတ်ရသည်။ ခုနက စိတ်ဆိုးနေသည့် သူမဟုတ်သည့်အတိုင်းပါပင်။ အခုကြည့် လာနမ်းနေသည်လေ။

"မောင်အဲ့တာဆို ငါလဲပွင့်ပွင့်‌လင်းလင်းမေးစရာရှိတယ်.. "

"အွန်းမေးလေ..ဘာများလဲ "

"မောင့်သက်လျာ.. " {Completed}Where stories live. Discover now