Part (5)

5.9K 436 50
                                    

[Unicode]

အဲ့‌နေ့က ဂျွန်က သူ့ကိုသ၀န်မတိုဘူးလားဟု မေးလာသည့်ကြောင့် ကြောင်သွားရပေသည်။ ဒါလေးက ဂျွန်မသိသလော။သူဟာ ဟာ ဘယ်တုန်းကများ သ၀န်တိုခဲ့ဖူးလို့လဲ။ အသစ်အဆန်းလုပ်၍ မေးသော ဂျွန့်ရဲ့ပုံရိပ်ကိုလဲ နားမလည်နိုင်ပေ။

ဒါမဲ့လို့ ဂျွန့်ရဲ့ယုံကြည်မူကို သူဟာမြတ်နိုးသူမို့ အမှန်တိုင်းလေးပဲပြောလိုက်ပါသည်။ သို့သော် "မုသားမပါ လင်္ကာ‌မချော"ဆိုသည့်အတိုင်း အလိုမကျသော ဂျွန့်ရဲ့မျက်နှာလေးဟာ ကွက်ခနဲ ပျက်သွားတာကို မြင်ဖြစ်အောင်မြင်လိုက်ပါ၏။

သ၀န်တိုတယ်။သူဟာ အိမ်ထောင်သက်တွင်မက ရည်းစားဘ၀တုန်းထဲက သ၀န်တိုခြင်းမရှိလေ့ဘူး။ အမှန်တိုင်း၀န်ခံရမယ်ဆိုရင် သ၀န်တိုတာကို သူမကြိုက်ဘူး။ သ၀န်တိုတာကနေတစ်ဆင့် စွပ်စွဲခြင်းဘက်သို့ တစ်ဖြည်းဖြည်းကူးစက်တတ်လာသော ကြောင့် ထိုအရာကိုမနှစ်သက်ပါ။

သ၀န်တိုတယ် ဟူသော ခေါင်းစဉ်လေးကိုတပ်၍ တစ်ခြားသူတစ်ပါးနှင့် သူမစွပ်စွဲခဲ့ဖူးပါ။ ကိုယ်ချစ်ရတဲ့သူဟာ ကိုယ့်ကို ဘယ်လောက်ချစ်လဲ ယုံကြည်မူထားသည်။ ထိုသ၀န်တိုလိုက်တာက ယုံကြည်မူကိုလဲ ဖောက်ချိုးရာကျသလို ကိုယ့်ရဲ့သိက္ခာကိုလဲစွပ်စွဲရာ ကျသည်မို့ သူမနှစ်သက်။

ထိုကဲ့သို့ တစ်ခြားသူတစ်ယောက်နဲ့ သူသ၀န်မတိုခဲ့ဖူးပါ။ တစ်ခါမှ မတိုခဲ့ဘူး။ ဂျွန်ဟာ မောင့်ကို ဘယ်လောက်ထိချစ်လဲဆိုတာ သူသာလျင်အသိဆုံးပါ။ ထိုကဲ့သို့ သ၀န်တို၍ပြောလိုက်သည်‌ကနေ "မောင်ကငါ့ကို မယုံဘူးလား.."၊"မောင်က ငါ့ကိုစွပ်စွဲနေတာလား"ဆိုပြီး ပြသနာအသေးအမွှားလေးတွေ ဖြစ်လာမှာကို ကြောက်သည်။

သူ့ရဲ့ဂျွန်ဟာ မာနကြီးတာ သူသာလျင်အသိဆုံးမူ အနေအထိုင်ကစ ဆင်ခြင်ပြီးနေခဲ့ပါသည်။ ဒါမဲ့ သူဂျွန့်ကို သ၀န်တိုပါသည်။ တစ်ခြားသူနှင့်မဟုတ်ပဲ။ ဂျွန့်တစ်ယောက်ထဲကိုသာ။ ဂျွန့်ရဲ့အ၀တ်အစားပေါ်မှာသာ သူသ၀န်တိုတာ။

ဂျွန့်ရဲ့ အသားအရေသေးသေးလေးကစ တစ်ခြားသူမြင်မှာကို သူကြောက်သည်။ သာမန် ၀တ်သောအ၀တ်စားတွေဆို လည်ပင်းတွေကအနည်းငယ် ဟိုက်တတ်ပါသည်။ ထိုသို့သောကြောင့် ပေါ်နေသော ဂျွန့်ရဲ့လည်တိုင်ဖွေးဖွေးတို့ဟာ တစ်ခြားသူတွေမြင်သွားမှာ သ၀န်တိုသည်။ အရမ်းကိုသ၀န်တိုပါသည်။

"မောင့်သက်လျာ.. " {Completed}Where stories live. Discover now