Part (8)

5K 388 58
                                    

[Unicode]

စိတ်ထဲ၌အလိုမကျသော ထိုမေးခွန်းကိုသူမေးလိုက်ခဲ့သည်။ ဒေါသတစ်ရူးရူးဖြစ်သွားသော မောင့်ကိုလဲ သူနားမလည်ပေ။ မောင်ကပဲ သူ့ကိုဂရုမစိုက်ချင်လို့ ကိုယ်၀န်မလွယ်ခိုင်းသည်မဟုတ်လား။ ဒီအဖြေကရှင်းနေတာပဲ အဓိကသောသည် မောင်ကသူ့အလုပ်မှာကြောက်လို့ သူ့ကို ကိုယ်၀န်မဆောင်ခိုင်းတာ။

မဟုတ်ရင် မောင်ကသူ့ကိုဂရုစိုက်ပြီး ထပ်ပြီးယူခိုင်းမှာပေါ့။ မောင်ကငါ့ယောက်ျားဖြစ်နေပေမဲ့ မောင့်ကို ငါနားမလည်ဘူး။

တော်သေးသည်က ထိုအချိန်၌ အဖွားသည်ဈေးသွားနေခြင်းပင်။

"မင်းပြောချင်တာက မောင်က မင်းကိုဂရုမစိုက်ဘူးပြောတာလားဂျွန်.. "

"အဲ့လိုမှမဟုတ်ရင် ဘာလို့မောင်ငါ့ကို ကိုယ်၀န်မဆောင်ခိုင်းတာလဲ.. "

ပြတ်သားစွာထွက်ပေါ်လာသော ဂျွန်ရဲ့အသံ။ ဂျွန်ကအခုသူ့ကိုဘာဖြစ်စေချင်နေတာလဲ သူတကယ်နားမလည်နိုင်။

"ဂျွန်! "

ဂျွန့်ရဲ့ပခုံးနှစ်ဖက်အား ဆွဲကိုင်၍လူပ်ရန်းလိုက်မိသည်။ မင်းကိုနားမလည်နိုင်တဲ့ငါကိုယ်ငါပဲ သိပ်မုန်းတယ်ဂျွန်။

"မင်းသိလား..မင်းကို ဆုံးရူံးရမှာ စောက်ရမ်းကြောက်တဲ့ ကိုယ့်ကို! မင်းနားလည်နိုင်ရဲ့လား..ကိုယ့်ရဲ့စိတ်ကို..! မင်းပထမတစ်ခေါက်တုန်းကလို ဖြစ်သွားမှာ စောက်ရမ်းကြောက်နေတဲ့ ငါ့ရဲ့စိတ်တွေကို မင်းနားလည်ရဲ့လား! သိရဲ့လား! "

မောင်က ငိုသံနှင့်မို့ အက်ကွဲနေကာ ပေါက်ကွဲ၍ပြော‌သည်။ ထိုသို့မောင့်ဆီကကြားသော်လဲ သူစိတ်မကောင်းလှ။ မောင်၀မ်းနည်း‌တာကိုလဲ သူအမှန်တကယ် မလိုချင်ဘူး။ တကယ်ပဲသူ့စိတ်က ဘာဖြစ်ချင်နေမှန်း သူကိုယ်တိုင်လဲမသိတော့။

"ငါ..ငါ‌ကလေးလိုချင်တယ်..ငါလိုချင်တာ ဒါပဲ..ငါကလေးလိုချင်တယ် "

ဂျွန်သည် ကလေးယူဖို့ဆန္ဒကိုအတင်းပြင်းပြနေတော့၏။ ဒီအခြေနေမှာ ဒီကိစ္စကို သူလက်မခံနိုင်ပေ။

"လက်မခံနိုင်ဘူး..‌ငါတို့ဘ၀ထဲမှာ ကလေးမရှိလာလဲဖြစ်တယ်.."

"မောင်! "

"မောင့်သက်လျာ.. " {Completed}Where stories live. Discover now