Part (24)

5.1K 339 31
                                    

[Unicode]

ဘာမှကိုမသိသေး။ဒေါသကငယ်ထိပ်ကို ရောက်နေတာပဲ သူသိသည်။အစည်းဝေးချိန်ဟာ လုံး၀ကိုနီးကပ်နေပြီမို့ စိတ်ထဲမှာ ဒေါသကလွဲရင်ဘာမှမသိတော့။ဤသို့ကြောင့်နှင့် ဂျွန့်လက်မောင်းကို တင်းတင်းဆွဲကိုင်ပြီးမေးနေခဲ့သည်။ ဂျွန်က သူ့လက်တွေကထဲနေလဲ အတင်းရုန်းလို့နေခဲ့သည်။ ငိုနေခဲ့သည်။

"ဖြောင်း.."

ထိုအချိန် ရုတ်တရက်အရိုက်ခံလိုက်ရသောပါးပြင်။

ထိုအချင်းအရာကြောင့် သူ့စိတ်တွေပြန်တည်ငြိမ်သွားရသည်။ ပူထူသွားသောပါးပြင်ကို ကိုင်ကြည့်လျက် ဂျွန့်ကိုလဲပြန်ကြည့်မိသည်။ ဂျွန်က သူ့မျက်နှာကိုလက်နှင့်အုပ်၍ငိုနေတော့တာ။

မောင်ဘာလုပ်လိုက်ပြန်ပြီလဲ။ မင်းမောင့်ကိုအခုလို ရိုက်လောက်အောင်ထိ‌ မောင်ဘာတွေလုပ်လိုက်တာလဲ။

"ဂျွန်.."

သူ့အရှေ့ကဂျွန်ဟာ ယူကြုံးမရငို၍ အိပ်ခန်းထဲသို့ထွက်သွား၏။

"ဂျွန်..မောင့်ကို..မောင့်ကိုတံခါးဖွင့်ပေးပါဦး.."

ဘာလို့မှန်းမသိ ထိုတံခါးလက်ကိုင်ကိုဆုပ်ကိုင်လျက် ပြောနေပေမဲ့ အသံတွေဟာတုန်ရီလို့နေခဲ့သည်။ ဂျွန်များ၊သူ့ကိုစိတ်ပျက်သွားလေမလား။ ဒါမှမဟုတ်..တစ်နည်းနည်း။

*ဟင့်အင်း..သူ့ဆက်ပြီးတွေးလို့မရတော့..ဂျွ
န်သာ မောင့်အပေါ်ပစ်ပစ်ခါခါမုန်းသွားမယ်ဆိုရင် မောင်ရုတ်ချည်းရူးပစ်ရမှာ..*

"ဂျွန်..မောင့်မှာ မင်းပဲရှိတာ၊‌မင်းကို မောင်တောင်းပန်ပါတယ်ကွာ..အခုလိုပြသနာတွေဖြစ်တာကို ပင်ပန်းတယ်ထင်ပြီး မောင်တို့မဖြေရှင်းရင် ပိုပြီးပင်ပန်းရမှာ မောင်တို့သိတယ်မဟုတ်လား.."

အပြင်ကနေငိုသံတွေနှင့်ပြောနေသော မောင့်အသံကိုမကြားချင်ဘူး။ ကုတင်ပေါ်၌ နားနှစ်ဖက်ကိုလက်နှင့်ပိတ်ကာ သူသည်လဲယူကြုံးမရငိုနေမိသည်။

*ငါ့လက်တွေက မောင့်ကိုရိုက်မိတယ်..ငါမကောင်းဘူးမဟုတ်လား..*

ထိုရိုက်မိသော လက်ကိုပြန်ကြည့်လျင် သူရင်နာမဆုံးပေ။ ရင်တွေနာလွန်းလို့အသဲအသန်သာ ရိူက်၍ငိုနေမိသည်။

"မောင့်သက်လျာ.. " {Completed}Where stories live. Discover now