Part (22)

5.2K 338 36
                                    

[Unicode]

လေယာဉ်ကွင်းသို့လာသည့် လမ်းတစ်လျှောက်လုံး ကားပေါ်၌ဂျွန်ဟာ သူ့ကိုဆူပုတ်နေဆဲပါပင်။

"ဟတ်ချိုး! "

ဂျွန်ဆီကနှာချေသံကြားတိုင်း ပြုံးစိပြုံးစိဖြစ်သွားသော သူ့ရဲ့မျက်နှာဟာ အတော်ကိုတည်ကြည်မနေပါ။

"မရယ်နဲ့.."

"မောင်မရယ်ပါဘူး.."

"အဲ့မျက်နှာက ပြုံးမနေနဲ့လို့!"

ပြောသာပြောတာ။မျက်စောင်းထိုး၍ သူ့‌လက်မောင်းကိုအားနှင့် ရိုက်ပါလေရော။

ဒီမောင်ကြောင့်၊ အဲ့မောင်အစုတ်ပလုတ်ကြောင့် အခုလိုဖျားနေရတာ။ ခေါင်းတွေကလဲတော်တော်မကြည်ပါရဲ့။ တစ်ဆစ်ကိုက်ကိုက်နေသော ခေါင်းတို့ကိုထုချေလိုက်ချင်သည်။ ဒင်းလာတွေ့မယ်!နောက်ဆို ဘာအခွင့်ရေးမှမရဘူးမှတ်!။

လေယာဉ်ကွင်းသို့ရောက်တော့ မောင်သည် ကားနောက်ခန်းမှ suitcase တို့ကိုချနေ၏။

"အစစ်ဆေးခံဖို့ မောင့်မှတ်ပုံတင်ပါတယ်မဟုတ်လားဟင်.. "

သူပြောနေတုန်းမှာပင် အနားသို့ရောက်လာပါသော ဘေယာဉ်မယ်အချို့နှင့် အိတ်သယ်ဆောင်သူတို့။ သူရုတ်ချည်း ကြောင်အသွားရ၏။ မောင်ကတော့ ‌ထိုလူတို့ကိုခေါင်းငြိမ့်ပြသည်။

"မောင်.. "

"လာ...သွားရအောင်ဂျွန်.. "

သူ့ရဲ့ခါးလေးကိုဖက်၍မောင်က ခေါ်သွား၏။ တစ်ခြားသူတွေလို အစစ်ဆေးမခံရပဲ။ လေယာဉ်ပေါ်သို့လဲ တန်း၍တက်ခွင့်ရသည်။ နေပါဦး..ဒါတွေကဘာတွေလဲ။

"ကိုယ်ပိုင်လေယာဉ်မှ ကြိုဆိုပါ၏ မစ္စတာကင်မ်.. "

လေယာဉ်ပေါ်ရောက်ရောက်ချင်း pilotကမောင့်ကိုလက်ဆွဲနူတ်လာ၏။ ဒီဟာက မောင့်လေယာဉ်လား။ မဖြစ်နိုင်တာ။ ဒီမောင် ဘာတွေလျောက်လုပ်နေတာလဲ။

ခပ်ကြောင်ကြောင်ဖြစ်နေသောသူ့ကိုမောင်က လက်ကလေးကနေဆွဲ၍ ခုံ၌ထိုင်ခိုင်းစေသည်။

"မောင်... "

"ဒီကိုယ်၀န်သည်မိခင်လေး အိပ်မို့ဆို ကျမထိုင်ခုံကို အိပ်တဲ့ပုံစံပြင်ပေးခဲ့ရမလားရှင့်.."

"မောင့်သက်လျာ.. " {Completed}Where stories live. Discover now