Chapter-1(Unicode)

1.9K 164 3
                                    

ဒီနှစ်ရဲ့ဆောင်းဟာ ခါတိုင်းလိုမဟုတ် ပိုမိုအေးနေသည်ကို ရှင်းငယ်ခံစားမိသည်။ဒါကြောင့် သူအဆောင်ကနေ မထွက်လာခင်မှာ Hoodieအပြာရောင်လေးတစ်ထပ် လွယ်အိတ်ထဲ ဆောင်လာခြင်းဖြစ်သည်။အဆောင်ပြင်ရောက်တော့ ထင်သည့်အတိုင်းပင် နှစ်ထပ်လောက်ဝတ်ထားသည့် သူရဲ့အဝတ်တွေကြား ဆောင်းရာသီရဲ့အေးစက်စက်လေထုကို ခံစားနေရတော့သည်။

မနက်ခုနှစ်နာရီဝန်းကျင်ရှိပေမယ့် နေ့တာတိုလွန်းတဲ့ဆောင်းရာသီကြောင့် လူသွားလမ်းကျဉ်းကျဉ်းဘေးရှိ လမ်းဘေးမီးများဟာ အခုချိန်ထိ ထွန်းနေဆဲဖြစ်သလို မြူခိုးများဟာလည်း ပျောက်မသွားသေးပေ၊

ရှင်းငယ်လိုပဲ မနက်စောစော ထကာ လုပ်စရာရှိတာ၊လုပ်တဲ့သူများရှိတာကြောင့် ရှင်းငယ်လည်း ကားဂိတ်ကို မြန်မြန်သာ ထွက်လာတော့တယ်။ ကားဂိတ်ရောက်တော့ လူပေါင်းစုံဟာ Busကို စောင့်နေမှန်း တွေ့လိုက်ရသည်။

'ဒီနေ့ ကားကြပ်ပြန်ပြီ' ရှင်းငယ် မကျေမနပ်တွေးလိုက်ပေမယ့် သူရဲ့ကျောပိုးလွယ်အိတ်ကို ရင်ဘက်ရှေ့ထားကာ Busကားကို စောင့်နေလိုက်သည်။

"ဟယ်လို... မောင်လေး" ဘေးနားမှာ ကောင်မလေးတစ်ယောက်ခေါ်သံကြောင့် ရှင်းငယ် လှည့်ကြည့်လိုက်တော့ ခါးလောက်ရှိတဲ့ဆံနွယ်များနဲ့ကြည့်ကောင်းကာလှပသည့်အမျိုးသမီးဟာ သူ့ကို စိုက်ကြည့်ကာခေါ်နေသည်ကိုသိလိုက်ရတော့သည်။

ရှင်းငယ်ရဲ့မျက်အိမ်လေးဟာ အနည်းငယ်ပြူးကျယ်သွားပေမယ့် သူရဲ့အသံကတော့ တုန်ခတ်သွားခြင်းမရှိပေ၊

"ဘာကိစ္စရှိလို့လဲ မသိဘူး အစ်မ" သူ(မ)က ကိုယ့်ကို ​မောင်​လေးလို့ ခေါ်နေမှတော့ အစ်မလို့ သုံးနှုန်းတာပဲ သင့်တော်မည်မလား။

"ဟို... အစ်မသူငယ်ချင်းက ​မောင်​လေးကို သဘောကျလို့တဲ့"

"ဗျာ!" မနက်စောစောစီးစီး ရည်းစားစကားပြောခံလိုက်ရတာလား။ရှင်းငယ်ဘာဆက်ပြောရမလဲမသိခင်မှာ ထိုမိန်းကလေးဟာ သူရဲ့ဆိုရှယ်မီဒီယာအကောင့် တောင်းလာတော့သည်။ဒါကြောင့် သူလည်း ယောင်နနဖြင့် ပေးလိုက်ပြီးနောက်မှာ ထိုမိန်းကလေးဟာ ပျော်ရွှင်သွားသည့်ပုံစံဖြင့် သူရဲ့အကောင့်ကို အပ်လိုက်ပြီးနောက်မှာ ပြန်ထွက်သွားတော့သည်။

ကိုယ့္ကို လက္ထပ္ပါ ငယ္(Completed) Where stories live. Discover now