Chapter -8(Unicode)

785 79 0
                                    

ဆူးမာန်စကားကြောင့် သျှားမင်းလျှံတစ်ယောက်အံကိုကြိတ်လိုက်ပြီး  သူဟာ ခေါင်းလွဲကာ တိတ်ဆိတ်သွားတော့သည်၊ထိုလုပ်ရပ်ကြောင့် ဆူးမာန် မျက်နှာတင်းမာသွားသလို ရှက်ရွံမှုကြောင့် အနည်းငယ်နီရဲသွားတော့သည်၊

"လျှံ မင်းအဖွား ငါ့လက်ထဲမှာဆိုတာ မမေ့နဲ့" ဆူးမာန်ဟာ ထပ်မံသတိပေးလာချိန်မှာ သျှားမင်းလျှံရဲ့အကြည့်များဟာ ရှင်းငယ်ဆီရောက်သွားတော့သည်၊

ရှင်းငယ်ဟာ ယုံကြည်မှုပြည့်စွာ ပြုံးနေခဲ့ပြီး မျက်ဝန်းများဟာ စိုးရိမ်မှုကင်းစင်နေခဲ့ပြီး သျှားမင်းလျှံကိုသာ ကြည့်နေခဲ့သည်၊ရှင်းငယ်ရဲ့အကြည့်များကြောင့် သျှားမင်းလျှံဟာ လက်သီးကျစ်ကျစ်ဆုပ်ကာ   သက်ပြင်းချလိုက်တော့သည်၊

"ကိုယ်ချစ်တဲ့သူက ...ကိုယ်သိပ်ချစ်ရတဲ့သူ ငယ်ပဲ ရှင်းငယ်ပဲ" သျှားမင်းလျှံဟာ ထိုစကားကို အကုန်လုံးကြားအောင် ပြောလိုက်သည်၊

"လျှံ!"

"ဆူးမာန် မင်းမလွန်လာနဲ့ မင်း! ယုတ်မာတဲ့နည်းလမ်းနဲ့ ငါ့ကိုရနိုင်ရင်တောင် ငယ့်ကို ချစ်နေတဲ့ငါ့အချစ်က ပြောင်းလဲသွားမှာ မဟုတ်ဘူး" 

"လျှံ...ငါမင်းကို တစ်ကယ်ချစ်တာ... မင်းအနားကိုရောက်ဖို့ ငါဘယ်လောက်တောင် ကြိုးစားခဲ့ရလဲ!မင်းက ရှင်းငယ်ကို အရင်တွေ့ခဲ့မယ့် ငါလည်း မင်းကို အရင်တွေ့ခဲ့တာပဲလေ! တစ်ကယ်လို့ မင်းသာ ငါ့ကို အရင်တွေ့ခဲ့ရင်..."

"တစ်ကယ်လို့ဆိုတာ ရှိလာမှာမဟုတ်ဘူး ဆူးမာန်" ရှင်းငယ်ဟာ အလျင်စလိုလျှောက်လာပြီး သျှားမင်းလျှံနဲ့ဆူးမာန်ရှေ့မှာ ရပ်လိုက်ပြီး သျှားမင်းလျှံလက်မောင်းကို ဆွဲယူကာ  သျှားမင်းလျှံကို ရှင်းငယ်ဘက်ဆွဲလိုက်သည်၊

"ဘာလို့လဲဆိုတော့ ကိုကိုနဲ့ကျွန်တော့်အချစ်က စောစွာတွေ့လို့လည်းမဟုတ်သလို နောက်ကျစွာတွေ့လို့လည်းမဟုတ်ဘူး"

"မှတ်ထား ခင်ဗျားဘယ်လိုပဲကြံစည်နေပါစေ ကိုကိုက ခင်ဗျားကိုမချစ်ဘူး" ရှင်းငယ်ဟာ ဆူးမာန်ကို စိုက်ကြည့်ရင်းပြောလိုက်တော့ ဆူးမာန် ဒေါသထွက်သွားပေမယ့် မောက်မာစွာပြန်ပြုံးလာတော့သည်၊

ကိုယ့္ကို လက္ထပ္ပါ ငယ္(Completed) Where stories live. Discover now