Chapter-5(Zawgyi)

405 45 0
                                    

ရှင်းငယ် မနေ့ညက ကောင်းကောင်းအိပ်မရခဲ့ပေမယ့် မနက်အစောထကာ အလုပ်သွားရဦးမှာဖြစ်တာကြောင့် လေးပင်နေတဲ့ခန္ဓာကိုယ်ကို သယ်ယူကာ လုပ်စရာရှိတာ လုပ်တော့သည်၊

ရှင်းငယ်ပြင်စရာရှိတာပြင်ဆင်ပြီးနောက်မှာတော့ ရှင်းငယ်အခန်းထဲကနေ ထွက်လာပြီး တံခါးပိတ်ကာ အဆောင်အောက်ထပ်ဆင်းလာတော့သည်၊

'ဒီချိန်မှာလည်း ဘာစားချင်စိတ်မှ မရှိတော့တာကြောင့် ကျောင်းရောက်မှပဲ အစာပြေမုန့်ဝယ်စားပါတော့မယ်လေ' ရှင်းငယ် တွေးတောလိုက်ရင်း အဆောင်မှူးဟာ ရှင်းငယ်ဆီလျှောက်လာကာ

"လမ်းထိပ်မှာ မင်းကိုစောင့်နေတဲ့လူတစ်ယောက်ရှိတယ် နာရီဝက်တောင် ရှိနေပြီ စောင့်နေတာ ငယ်လေးရေ" လိုာ ပြောလာတာကြောင့် ရှင်းငယ် ခပ်ကြောင်ကြောင်ဖြစ်သွားပေမယ့် အဆောင်မှူးကို ကျေးဇူးတင်စကားပြောလိုက်ပြီး လမ်းထိပ်ကို အမြန်ထွက်လာတော့သည်၊

ရှင်းငယ်ခေါင်းထဲ ဘယ်သူများ သူ့ကိုစောင့်နေတာလည်း စဉ်းစားရင်း သျှားမင်းလျှံလားဆိုတဲ့အတွေးဝင်လာတာကြောင့် သူ့ခေါင်းကို လက်နဲ့ဖွဖွလေးရိုက်လိုက်ပြီး မဟုတ်တာတွေ မတွေးမိစေရန် သတိပေးလိုက်တော့သည်၊

လမ်းထိပ်ရောက်တော့ ငွေရောင်ကားတစ်စီးရပ်ထားတာကို တွေ့လိုက်ရပြီး သူရောက်လာသည့်ချိန်မှာ ကားထဲကနေ လူငယ်သုံးယောက်လောက် ထွက်လာတော့သည်၊ထိုသုံးယောက်ထဲမှာ တစ်ယောက်ကိုတော့ ရှင်းငယ်သိသည်၊မနေ့က သျှားမင်းလျှံနဲ့ပါလာသည့် ဆူးမာန်ဆိုသည့်လူငယ်လေးဖြစ်သည်၊

ဆူးမာန်ဟာ ရှင်းငယ်ကို သဘောမကျပါရဲ့နဲ့ ဘာကြောင့် လာတွေ့ရတာလဲ၊ကောင်းသော လာခြင်းလို့တော့ ရှင်းငယ်မထင်ပေ၊ဒါပေမယ့် မလွဲသာသည့်အခြေအနေဖြစ်နေတာကြောင့် ရှင်းငယ် ရှောင်သွားလို့မရတော့ပေ၊

ဆူးမာန်ဟာ ရှင်းငယ်ဆီလာတာ မဟုတ်ပဲ ဆူးမာန်ဘေးနားက လူငယ်တစ်ယောက်ဟာ ရှင်းငယ်ဆီရောက်လာကာ အပေါ်အအောက်စိုက်ကြည့်လာပြီး ဆူးမာန်ဘက်လှည့်ကာ အထင်သေးစွာပြောလာတော့သည်၊

"မာန် သေချာလို့လားဟ ဒီတောသားက အစ်ကိုလျှံကို မြူဆွယ်ချင်နေတယ်ဆိုတာ"

ကိုယ့်ကို လက်ထပ်ပါ ငယ်(Completed) Where stories live. Discover now