Chapter -10(Unicode)

1.1K 97 2
                                    

သျှားမင်းလျှံနဲ့ရှင်းငယ်ရဲ့မင်္ဂလာပွဲဟာ ခမ်းနားလှပခဲ့သည်၊၊လိုလေခြင်းမရှိတဲ့အခမ်းအနား၊ပြုံးပျော်နေသည့်ဧည့်သည်တော်များနဲ့ သတို့သား မောင်သျှားမင်းလျှံ နဲ့ သတို့သား မောင်ရှင်းငယ်တို့ရဲ့မင်္ဂဆောင်ဟု ရေးထားသည့်ပိတ်ကားရှေ့မှာ သျှားမင်းလျှံဟာ ပြုံးပျော်ကာ ရပ်နေပြီး တံခါးဝကိုစောင့်ကြည့်နေခဲ့သည်၊

"သတို့သားလေး ဝင်လာလို့ရပါပြီ" အသံကျယ်နဲ့အတူ ခန်းမဆောင်တံခါးဟာ ပွင့်လာပြီး အဖြူရောင်သတို့သားဝတ်စုံကို ဝတ်ဆင်ထားသည့်လူငယ်လေးဟာ ပန်းကျဲထားသည့်ကော်ဇောနီပေါ် တစ်လမ်းချင်းလျှောက်လှမ်းလာတော့သည်၊

ရှင်းငယ် တစ်လှမ်းလျှောက်တိုင်း စိတ်လှုပ်ရှားမှုတွေနဲ့ပြည့်သိပ်နေခဲ့ပြီး ရှေ့ကိုမကြည့်ရဲအောင် ကြောက်ရွံနေတော့သည်၊ခြေလှမ်းများဟာလည်း လေးပင်လာပြီး အသက်ရှူတောင်မမှန်ချင်တော့ပေ၊ရှင်းငယ်လက်မထပ်ချင်လို့မဟုတ်ဘဲ လက်ထပ်ခါနီးမှာ ဖြစ်လေ့ဖြစ်ထရှိသည့် စိတ်ဖိအားမှုကိုခံစားနေရခြင်းသာဖြစ်သည်၊

"ငယ်"

ရှင်းငယ်ရဲ့လှုပ်ရှားမှုတွေကို အစအဆုံးကြည့်နေခဲ့သည့်သျှားမင်းလျှံဟာ မနေနိုင်စွာ ကော်ဇော်နီထက်က သူပိုင်ဆိုင်ရတော့မည့်သတို့သားလေးကို သွားရောက်ခေါ်ဆောင်တော့သည်၊

သျှားမင်းလျှံဟာ ရှင်းငယ်ကို သတို့သမီးပွေ့သလို ပွေ့ချီလိုက်တော့   ဧည့်သည်တော်တွေဆီက 'ဝိုး'ဆိုတဲ့အသံများနဲ့အတူ လက်ခုပ်တီးသံတွေဟာ ကျယ်လောင်စွာထွက်ပေါ်လာတော့သည်၊သျှားမင်းလျှံဟာ ရှက်ရွံစွာ သူ့လည်ပင်းကိုတင်းကြပ်စွာဖက်တွယ်လာပြီး ရင်ခွင်ထဲတိုးဝင်လာတာကြောင့် သျှားမင်းလျှံရယ်မောလာတော့သည်၊

"ကိုကိုနော်!"

"မတတ်နိုင်ဘူး ငယ်ရေ ကိုယ့်မင်္ဂလာဆောင်မှာ သတို့သားလေးက လက်ထပ်ရမှာ ကြောက်ပြီး မတ်တပ်ရပ်ပြီးမေ့နေတယ်လို့ တစ်လောကလုံးကို မထင်စေချင်ဘူး"

"ဘယ်...ဘယ်သူက ဘာဖြစ်နေလို့!လူကြားထဲ အရှက်မရှိပွေ့ချီတဲ့ကိုကိုလို မဟုတ်ဘူး"

"ဟွန်း...ကိုယ်က ကိုယ့်ခင်ပွန်းလေးကို ဘယ်လောက်ချစ်ကြောင်းပြသရုံပါပဲ"

သျှားမင်းလျှံဟာေ ရှင်းငယ်တို့ ဘိသိက်ဆရာရှေ့မှာချပေးလိုက်ရင်း ရယ်ကာပြောလိုက်တော့သည်၊ထိုနောက် ဘိသိက်ဆရာဟာ သူတို့နှစ်ဦးကို အခါတော်ပေးလာတော့သည်၊

"သတို့သားမောင်သျှားမင်းလျှံ"

"သတို့သားမောင်ရှင်းငယ်"

"ပထမဆုံး ကောင်းကင်ကို တိုင်တည်ရလိမ့်မယ်၊ဒီတိုင်တည်မှုက မင်းတို့နှစ်ဦးသေဆုံးသွားမှာသာ ပယ်ပျက်သွားလိမ့်မယ်"

"အရင်ဦးဆုံး သတို့သားမောင်သျှားမင်းလျှံ သင့်အနေနဲ့ သင်ရဲ့အကြင်ခင်ပွန်းအား သူအသက်ရှင်သည့်တိုင်ချစ်နိုင်မည်သလား"

"ချစ်နိုင်တယ် နောက်ဘဝဆက်တိုင်အောင် ကျွန်တော်သျှားမင်းလျှံက ရှင်းငယ်ကို ချစ်ပေးနိုင်တယ်၊

"သတို့သားမောင်ရှင်းငယ် သင်ရော သင့်ခင်ပွန်းသည်အား အသက်ရှင်သည့်တိုင်ချစ်နိုင်သလား"

"ချစ်ပေးနိုင်တယ်"

"မင်းတို့တိုင်တည်မှုကို ကောင်းကင်ကအတည်အမှတ်ပြုသွားပြီး အခု သတိသစ္စာအနေနဲ့ အချင်းချင်းလက်စွပ်လဲလှယ်စေ"လို့ ဘိသိက်ဆရာပြောသည်နှင့် သျှားမင်းလျှံဟာ လက်ထပ်လက်စွပ်ကို ယူကာ ရှင်းငယ်ရဲ့သေးငယ်သွယ်လျတဲ့လက်ကလေး၌ဝတ်ဆင်ကာ လက်စွပ်နဲ့သင့်တယ်လှပတဲ့လက်ကလေးကို ဆွဲယူကာ ဖွဖွလေးနမ်းယူလိုက်သည်၊

ရှင်းငယ်လည်း လက်ထပ်လက်စွပ်ကိုယူကာ သျှားမင်းလျှံလက်နဲ့စွပ်ပေးလိုက်ပြီးနောက်မှာ လက်ခုပ်သြဝါဒသံတွေဟာ ကျယ်လောင်စွာထွက်ပေါ်လာတော့သည်၊

"နောက်တော့ ငယ်က ကိုယ့်ခင်ပွန်းလေးဖြစ်လာခဲ့ပြီ အခုထိတိုင် အိပ်မက်မက်နေသလိုပဲ" သျှားမင်းလျှံဟာပြောလာတာကြောင့် ရှင်းငယ်ဟာ သျှားမင်းလျှံအကျႌကိုဆွဲဆောင့်လိုက်ပြီး နူတ်ခမ်းကို နမ်းကာ ဖွဖွလေးကိုက်လိုက်ပြီး ပြန်ခွာလိုက်သည်၊

"အိပ်...အိပ်မက်လို့ ထင်နေသေးလား...ကိုကို"

"လက်တွေ့ဘဝက ချိုမြိန်နေတာကို ဘယ်လိုလုပ်ထင်နိုင်တော့မှာလဲ" သျှားမင်းလျှံဟာ ပြောလိုက်ပြီး ရှင်းငယ်ကိုယ်လေးကို ခါးကနေ ပွေ့မလိုက်ပြီး နူတ်ခမ်းလေး နင့်နင့်သီးသီးနမ်းရှိုက်လိုက်တော့သည်၊

အိပ်မက်တွေက အမြဲချိုမြိန်မနေပဲ
တစ်ခါတလေ ခါးသက်သက်ရယ်၊

လက်တွေ့ဘဝသည်လည်း အမြဲခါးသက်သည်မဟုတ်
တစ်ခါတလေ ချိုမြိန်နေတတ်သေးသည်၊

-------------------------ပြီးပါပြီ

ကိုယ့္ကို လက္ထပ္ပါ ငယ္(Completed) Where stories live. Discover now