Chapter-3(Zawgyi)

526 43 0
                                    

ရှင်းငယ် ထိုလူနောက်ကနေ ဖြေးဖြေးချင်းလိုက်လာပြီး ထိုလူရပ်ရင် သူပါ လိုက်ရပ်လိုက်သည်၊ထိုလူဟာ အနောက်လှည့်လာကာ

"ငယ် ဘာလို့ ကိုယ်နောက်ကနေ လျှောက်နေရတာလဲ"ပြောလာတဲ့သျှားမင်းလျှံကြောင့် ရှင်းငယ် ထိုလူဘေးကို ဖြေးဖြေးလေးတိုးသွားလိုက်သည်၊

"ကျွန်တော် မနေတတ်လို့ပါဗျ"

"ကိုယ်နဲ့စကားပြောရင် သက်သောင့်သက်သာနဲ့ပြောလို့ရတယ် အဟွန်း ကိုယ်မင်းကို ကိုက်မစားပါဘူး"လို့ပြောလာတဲ့သျှားမင်းလျှံကြောင့် ရှင်းငယ် ခေါင်းငုတ်သွားပေမယ့် သျှာမင်းလျှံဘေးကနေတော့ တွဲလျှောက်ပေးလိုက်သည်၊

လူချမ်းသာတွေရဲ့အတွေးတွေကို ရှင်းငယ်နားမလည်ပေ၊ဥပမာ သျှားမင်းလျှံဆိုတဲ့လူ ဘာလို့ရှင်းငယ်နဲ့လာရောက်ပတ်သတ်လဲ မသိပေမယ့် ရှင်းငယ်သတိနဲ့နေသင့်ကြောင်း ကိုယ့်ကိုယ်ကို သတိပေးနေတော့သည်၊

"ရှင်းငယ် ဘာအစားအစာကြိုက်လဲ"ထိုလူဟာ ရှင်းငယ်ကို ငုံ့ကာမေးလာတာကြောင့် ရှင်းငယ်လည်း ချက်ချင်းခေါင်းခါလိုက်သည်၊ရှင်းငယ်က သာမန်လူတန်းစားက ဖြစ်တာကြောင့် ရှင်းငယ် စားချင်တာကို ထိုလူက လိုက်စားမည်မဟုတ်ပေ၊ဒါကြောင့် ထိုလူခေါ်ရာကိုသာ သွားရန်တွေးလိုက်သည်၊

"ငယ်က ရှမ်းခေါက်ဆွဲကြိုက်တယ်မလား ဒါပေမယ့် ခေါက်ဆွဲက ညနေစာအတွက် ဝမှာမဟုတ်ဘူး ပြင်သစ်စားသောက်ဆိုင်သွားမလား ဒီနားမှာ ဆိုင်ကောင်းတစ်ဆိုင် တွေ့မိတယ်" ရှင်းငယ် သူ့ဘာသာပြော သူ့ဘာသာသဘောတူနေတဲ့သျှားမင်းလျှံကို ကြည့်ကာ လေးပင်စွာခေါင်းညိတ်လိုက်သည်၊ ဒီတစ်ရက်ပဲ သည်းခံရုံပဲလေ၊

"ကိုကို့သဘောပါဗျ ကျွန်တော်က အစားအသောက်မရွေးတတ်ဘူး"

"ဒါဆို ကိုယ်တို့သွားရအောင်" ထိုလူဟာ ရှင်းငယ်လက်ကောက်ဝတ်ကို ညင်ညင်သာသာလေးဆွဲကာ ကားရပ်ထားသည့်ဘက်ကို ခေါ်လာတော့သည်၊အမှန်တော့ ရှင်းငယ် ဘယ်လိုပါသွားလဲမသိပေ၊ရှင်းငယ်စိတ်ထဲမှာ ထိုလူရဲ့လက်ဖဝါးဟာ ရှင်းငယ်ထက် ပိုကြီးကာ နွေးသည်ဟု ခံစားရသည်၊

ကိုယ့်ကို လက်ထပ်ပါ ငယ်(Completed) Where stories live. Discover now