Chapter -2(Zawgyi)

686 51 0
                                    

Chapter -2

"ငယ် ဒီည ကိုယ်နဲ့ညစာ စားချင်လား" သျှားမင်းလျှံစကားကြောင့် ရှင်းငယ် နူတ်ခမ်းများတင်းတင်းလေးစေ့သွားပြီး အနည်းငယ်အခက်တွေ့တဲ့ပုံစံဖြင့်

"ဟို...ဟို ကျွန်တော်တို့က အခုမှစတွေ့ဖူးတာဆိုတော့...ငြင်းလို့ရလားဗျ ဝမ်းကွဲအစ်ကိုက ကိုယ်နဲ့မရင်းနှီးသေးတဲ့အတူ အပြင်မထွက်ရဘူးလို့ မှာထားတယ်" လို့ မရဲတရဲပြောလိုက်ပေမယ့် သူစိတ်ထဲ အနည်းငယ်တုန်လှုပ်နေသည်၊သျှားမင်းလျှံလို လူမျိုးဟာ အငြင်းခံလိုက်ရတာကြောင့် ရှင်းငယ်ကို ဒေါသထွက်သွားမလား၊ဒါ အလုပ်နဲ့မပတ်သတ်ပဲ သူ့ကိုယ်ရေးကိုယ်တာဖြစ်တာကြောင့် ငြင်းလို့ရတယ်မလား၊ကျောင်းအုပ်သိရင်လည်း သူ့ကို အပြစ်တင်မှာ မဟုတ်ဘူးမလား၊

ရှင်းငယ် လားများစွာဖြင့် စိတ်ထဲမေးကာ စိုးရိမ်သောကများနေချိန်မှာ တစ်ဖက်လူဟာ သူရဲ့လက်ကို ဖွဖွလေးဖျစ်ညှစ်လာပြီး

"ကိုယ်နာမည်က သျှားမင်းလျှံ၊ABသွေး၊ဒီဇင်ဘာ ၆ရက် ၁၉၉၆၊အဂါင်္သား ပြီးတော့ ဓနုရာသီဖွား... အကြိုက်ဆုံးကတော့ ငါးမွှေကို ငရုတ်သီးပွနဲ့ကြော်ထားတဲ့ဟင်း၊ မကြိုက်ဆုံးကတော့ ချဉ်ပေါင်ကြော်၊ အသီးထဲမှာတော့ သခွားမွှေး၊သရေစာထဲမှာတော့ မရှိဘူးထင်တယ်၊ ကိုယ်ကသရေစာမစားတော့လေ...ဒီလောက်ဆို ကိုယ်တို့ ရင်နှီးသွားပြီမလား ငယ်" လို့ ပြောလာတာကြောင့် ရှင်းငယ်မှာ အံ့အားသင့်နေတဲ့သူရဲ့နူတ်ခမ်းလေးကို ပြန်မစေ့နိုင်တော့ပေ၊

'ဒါ... ဘယ်လိုကြီးလဲ၊အဲ့လိုပြောရုံနဲ့ ရင်းနှီးသွားရောလား' ဒါပေမယ့် သူပြန်မပြောခင်မှာ ကျောင်းအုပ်နဲ့သျှားမင်းလျှံသူငယ်ချင်းတွေ ရောက်လာတော့သည်၊ ဆူးမာန်က ခုနကထက် ပိုပြီးဒေါသထွက်နေသလိုပဲ၊ဒါပေမယ့် ရှင်းငယ် ကိစ္စမှမဟုတ်တာ၊

"ကိုယ် မင်းအလုပ်ပြီးတဲ့ချိန်ထိ စောင့်နေမယ်နော်"  အနောက်ကလူတွေကို ကြည့်နေတုန်း ရှေ့မှာ ပိတ်ကာ ပြောလာတာကြောင့် ရှင်းငယ် ခပ်မြန်မြန်လေးခေါင်းညိတ်ကာ လက်ခံလိုက်တော့သည်၊ဒါညနေစာ တစ်နပ်ပဲလေ၊နောက်တစ်ကြိမ်ငြင်းမိရင် ရှင်းငယ်ကို မာနကြီးတဲ့သူလို့​ထင်​နေအုံးမယ်၊

ကိုယ့်ကို လက်ထပ်ပါ ငယ်(Completed) Where stories live. Discover now