Chapter-6(Zawgyi)

407 41 0
                                    

"ကိုယ် မင်းကို လိုက်ပို့မယ်" သျှားမင်းလျှံဟာ ရှင်းငယ်လက်ကို ဆွဲယူရင်းပြောလိုက်သည်၊ဒါပေမယ့် ရှင်းငယ် လက်ကို ပြန်ဆွဲယူလိုက်ပြီး ပတ်ဝန်းကျင်ကို စိုးရိမ်စွာ ကြည့်လိုက်ပြီးနောက်မှာ

"သူများတွေ မြင်ကုန်ရင် ဘယ်လိုလုပ်မလဲ!"  လို့ပြောလိုက်တော့ သျှားမင်းလျှံဟာ ခပ်သောသောရယ်မောလာတော့သည်၊တစ်ကယ်ပါ ထိုလူရယ်ရင် သိပ်ကြည့်ကောင်းတာပဲ၊ပါးရိုးများခွက်သွားကာ လေးထောင့်ဆန်ဆန်မျက်နှာအချိုးအစားပေါ်မှာ လိုက်ဖက်ညီထွေစွာပင်၊

"ခင်ဗျား ဘာရယ်တာလဲ"

"အဟွန်း...မရယ်ပါဘူး"

"ဦးသျှားမင်းလျှံ!" ရှင်းငယ် မကျေမနပ်ခေါ်လိုက်ချိန်မှာ သျှားမင်းလျှံဟာ လက်ကို အားနဲ့ဆွဲယူလိုက်ပြီး ရှင်းငယ်ရဲ့နူတ်ခမ်းသားလေးကို အပေါ်ယံဖွဖွလေးနမ်းသွားတော့သည်၊

"နောက်တစ်ခါ သေချာမခေါ်ရင် အဲ့ခေါ်ရဲတဲ့နူတ်ခမ်းလေး ရဲသွားတဲ့အထိ နမ်းပစ်မယ်"

"ပြီးတော့ ကိုယ်ချစ်ရတဲ့သူလက်ကို ကိုင်တာ ဘာလို့ပတ်ဝန်းကျင်ကို ဂရုစိုက်ရမှာလဲ အဟက် ကြည့်ချင်လည်းကြည့်ပေါ့ ရှင်းငယ်ဆိုတာ ကိုယ့်လူဆိုတာ လူအားလုံးသိတာပေါ့"ရှင်းငယ်ရဲ့လက်ကို ဖွဖွလေးညှစ်ကာ သျှားမင်းလျှံဟာ အားနဲ့မာန်နဲ့ပြောနေတော့သည်၊

ရှင်းငယ် နမ်းခံရတာထက် ထိုလူစကားများကြောင့် ပိုမိုရှက်မိသည်၊တစ်ကယ်အရှက်မရှိတဲ့လူကြီးပဲ၊ဒါကြောင့် ရှင်းငယ်ရှက်ရှက်နဲ့သာ ခြေလှမ်းကို မြန်မြန်လှမ်းလိုက်ပြီး လက်လွတ်သွားမလား တွေးပေမယ့် သျှားမင်းလျှံဟာ သက်သောင့်သက်သာနဲ့ ရှင်းငယ်လက်ကို ကိုင်ကာ ဘေးမှာ ယှဉ်လျှောက်လာတော့သည်၊

"ငယ် ကိုယ့်ကားက ဟိုဘက်လမ်းကျော်မှာ ရပ်ထားတာ ဘာလို့လဲဆိုတော့ အခုလို လက်တွဲပြီး တူတူလျှောက်ခွင့်ရချင်လို့လေ"

"ဘယ်သူက ခင်ဗျား....ကိုကို့ကို မေးလို့လဲ"

"အချစ်ရေးမှာ အသေးအမွှားတွေကအစ ကိုယ့်ချစ်သူကို ပြောရတယ်တဲ့" သျှားမင်းလျှံဟာ ရှင်းငယ်ဘက်ကို လှည့်ကြည့်ရင်ပြောလိုက်တော့ ရှင်းငယ်ဟာလည်း မကျေမနပ်လေးမော့ကြည့်လာပြီး

ကိုယ့်ကို လက်ထပ်ပါ ငယ်(Completed) Where stories live. Discover now