Chapter-4(Zawgyi)

498 45 3
                                    

ပထမက ညနေစာကို ခပ်သွက်သွက်စားရန် စဉ်းစားလိုက်ပေမယ့် စားကောင်းလှတဲ့ဟင်းလျာကြောင့် သူရဲ့လျှာကို ဇိမ်ခံရန်သာ အလိုလိုက်ပစ်လိုက်တော့သည်၊

အနောက်တိုင်းအစားအစာဟုဆိုရသော်လည်း ဒီကစာဖိုမှူးဟာ မြန်မာလူမျိုးတွေနဲ့ပါးစပ်အရသာနဲ့ကိုက်အောင် စိတ်ရှည်စွာချက်ပြုတ်ထားသည်ထင်သည်၊တစ်ခါတည်း ပါးစပ်ထဲကနေတစ်ဆင့် လျှာပေါ်ေ ရာက်သည်နဲ့ အံ့မခမ်းပင်၊အသားအရသာကလည်း အိနေပေမယ့် ဟင်းနှစ်ကြောင့် အီလည်သွားတာမရှိပဲ တစ်ကိုက်စားပြီးတိုင်း နောက်တစ်ကိုက်အတွက် အသင့်ပဲ၊

"စားကောင်းရဲ့လား ငယ်" တစ်ဖက်လူဟာ မေးလာတာကြောင့် သူလည်း ခေါင်းညိတ်ကာ စားစရာရှိတာကို စားနေလိုက်သည်၊အစားစားချိန် စကားမပြောရဘူးဆိုတာ မသိဘူးလား၊တစ်ကယ်ပဲ လူကဖြင့် ကြီးနေပြီ၊

'စိတ်ထိန်း စိတ်ထိန်း' အစားစားနေချိန် နှောင့်ယှက်ခံရရင် ရှင်းငယ်ဟာ ဒေါသအလွယ်တကူထွက်တတ်သည်၊အရသာရှိတဲ့အစားအစာစားနေချိန်ဆို ပိုဆိုးသည်၊ဒါကြောင့် သူအမြန်စားလိုက်ပြီးနောက်မှာ သူ့ဆီကမ်းပေးလာတဲ့အချိုမုန့်ကို ကြည့်လိုက်သည်၊

Mousseထဲကိုမှ ချောကလက်အရသာဟာ ရှင်းငယ်အကြိုက်ဆုံးပင်၊တစ်ချို့လူတွေကတော့ တစ်ခြားအရသာနဲ့တွဲပြီး ပိုစားကြသော်လည်း Chocolate Mousseကသာ အကောင်းဆုံးဟု ရှင်းငယ်ထင်သည်၊

ချိုခါးခါးအရသာဟာ ဘာနဲ့မှလဲမရအောင် ကောင်းမွန်လှသည်၊ကိတ်သားသည်လည်း အိနေကာ Mousseအရသာဟာလည်း လျှာပေါ်ပျော်ဝင်သွားချိန်မှာ ထိုရောစပ်သွားတဲ့အရသာဟာ တစ်သက်မှတ်မိစေအောင် အရသာထူးကဲလှသည်၊

"ဒါလည်း စားကြည့် ငယ်" သူ့ဆီလှမ်းကမ်းပေးလာတဲ့ strawberry tartရဲ့တစ်စိတ်တစ်ပိုင်းကို ရှင်းငယ်ကြည့်ရင်း အားနာစွာလှမ်းယူလိုက်သည်၊သူဟာ အစားကောင်းကြိုက်သူပေမယ့် အစားနည်းသူဖြစ်သည်၊ဒီလူကျွေးတဲ့နေ့မှ တစ်ခုပြီးတစ်ခု စားချင်နေမိတယ်၊

Strawberry Tart ကို မြန်မာလိုပြုရင် စတော်ဘယ်ရီဌာပနာမုန့်လို့ ဆိုရမှာပေါ့၊အနောက်တိုင်း ဌာပနာမုန့်တွေကတော့ မုန့်ပေါ်မှာ ဝေဆာနေတဲ့လက်ဆတ်တဲ့အသီးများနဲ့သာ လုပ်တတ်ကြသည်၊စတော်ဘယ်ရီဌာပနာပေမယ့် ပန်းသီးစိတ်နဲ့တစ်ခြားဘယ်ရီအသီးများနဲ့ပါ ဌာပနာထားသေးသည်၊

ကိုယ့်ကို လက်ထပ်ပါ ငယ်(Completed) Where stories live. Discover now