Chapter -7(Zawgyi)

375 45 1
                                    

ဆောင်းမဒီဟာ ရှင်းငယ်ရဲ့ကျောကို ဖွဖွလေးပုတ်လိုက်ပြီး ချော့မော့ကာ ကြင်နာသည့်အသံဖြင့်မေးလာတော့သည်၊

"ငယ်လေး စိတ်သက်သာရာရသွားပြီလား"

ရှင်းငယ် မျက်ရည်တွေကို အင်္ကျီလက်နဲ့အကြမ်းပတမ်းသုတ်လိုက်ပြီး ဝမ်းနည်းနေတဲ့ကြားကနေ ပြုံးလိုက်ရင်း ခေါင်းညိတ်ပြလိုက်သည်၊အနည်းဆုံးတော့ ပူလောင်နေတဲ့နှလုံးသားလေးက ဖြေသိမ့်သွားနိုင်သေးတာပဲလေ

"ငယ်လေး သျှံကို မုန်းသွားပြီလား"

ကိုကို့ကို မုန်းသွားပြီလားတဲ့၊တစ်လတောင်မရှိသေးတဲ့အချိန်မှာ ရှင်းငယ်နှလုံးသားလေးက ကိုကို့ပေါ် သိပ်ကိုတွယ်တာနေခဲ့ပြီ၊ပြန်ဆုတ်လှမ်းလို့မရတဲ့အထိပင်၊ချစ်မိခဲ့မှတော့ ဘယ်လိုလုပ် မုန်းရက်မှာလဲ၊

"ကိုကို့ကို မမုန်းပါဘူး ဒါပေမယ့် မမြင်ချင်တော့ဘူး ပြီးတော့ ကျွန်တော် ဒီမြို့ကနေ ထွက်သွားတော့မယ်"

"ထွက်သွားမယ် ဘယ်ကိုလဲ..." ဆောင်းမဒီသာမက မိုးညမိုက်ပါစိုးရိမ်စွာ ကြည့်လာတော့သည်၊

"အဒေါ်တို့ဆီပဲ ပြန်တော့မယ် ဒီကြားထဲ ကူညီပေးခဲ့လို့ ကျေးဇူးတင်ပါတယ်ဗျ"ရှင်းငယ်ဟာ ပြောရင်း ထွက်သွားရန် လုပ်လိုက်ပေမယ့် မိုးညမိုက်ဟာ အနောက်ကနေ လိုက်လာကာ ရှင်းငယ်နာမည်ကို ခေါ်လိုက်သည်၊

"ရှင်းငယ်!"

"လက်မလျော့လိုက်နဲ့"ရှင်းငယ်ဟာ မိုးညမိုက်ပြောသည်ကို နားမလည်တာကြောင့် လှည့်ကြည့်လာချိန်မှာ ဆောင်းမဒီဟာလည်း မိုးညမိုက်အား တားဆီးဟန်ပြသနေသည်ကိုတွေ့ရသည်၊တစ်ခုခု ဖုံးကွယ်ထားတာလား၊

"ည!"

"မဒီ ကိုယ့်ကို မတားနဲ့ သူတို့နှစ်ယောက်နာကျင်တာကို ဆက်မကြည့်နိုင်တော့ဘူး "

"ရှင်းငယ် လျှံဆီ မင်းသွားမှရလိမ့်မယ် လျှံက သူ့အဘွားကို သိပ်ချစ်တာ ဆူးမာန်က အဲ့အားနည်းချက်ကို ချုပ်ကိုင်ထားတယ်၊လျှံအဘွားရဲ့တည်နေရာကို မသိရဘူး၊ဆူးမာန်က စေ့စပ်ပြီးရင် လျှံအဘွားကို ပြန်ပို့ပေးမယ် ပြောထားလို့ပဲ" မိုးညမိုက်စကားကြောင့် ဆောင်းမဒီလည်း သက်ပြင်းချလာတော့သည်၊

ကိုယ့်ကို လက်ထပ်ပါ ငယ်(Completed) Where stories live. Discover now