Chapter-9(Unicode)

717 75 1
                                    

ရှင်းငယ်ဟာ တစ်ချိန်လုံး သျှားမင်းလျှံနားမှားသာ ရှိနေပြီး မိုးညမိုက်ကတော့ ဆူးမာန်နဲ့ပတ်သတ်ပြီး အစစအရာအရာဖြေရှင်းပေးနေတော့သည်၊

ဆူးမာန်ရဲ့အစ်ကိုဟာ အကြောင်းစုံကြားသိသိချင်းမှာ အိမ်တွင်းပစ္စည်းများကို ယူကာထွက်ပြေးသွားခဲ့ပြီး ဆူးမာန်အဖေကတော့ ရဲတွေ ဝင်မဖမ်းခင်မှာပဲ ကိုယ့်ကိုယ်ကို သတ်သေသွားတော့သည်၊ဆူးမာန်အမေဟာလည်း ထိုစိတ်ကြောင့်နဲ့ပဲ ဆေးရုံရောက်သွားတော့သည်၊ဆူးမာန်တို့မိသားစုကျဆုံးသွားချိန်မှာ အကြွေးရှင်တွေဟာလည်း ရောက်လာကာ အိမ်ကို သိမ်းယူလိုက်တော့သည်၊

ဆူးမာန်ဟာ ရှယ်ငွေတွေကိုရောင်းကာ သူအမေဆေးရုံစရိတ်နဲ့လက်ကျန်အကြွေးများအတွက်ဖြေရှင်းလိုက်ပြီးနောက်မှာ တရားစီရင်မှုကို စတင်ရင်ဆိုင်ရတော့သည်၊

တရားစီရင်ချမှတ်တော့မည်နေ့မှာ သျှားမင်းလျှံဟာ တရားလိုအနေနဲ့တက်ရောက်ခဲ့ပြီး ဆူးမာန် ခယတောင်းပန်သည့်ကြားကနေ သက်ညှာမှု မရှိခဲ့ပေ၊

"မင်း မလုပ်ခင်မှာတည်းက စဉ်းစားသင့်တယ်" သျှားမင်းလျှံဟာ ထိုစကားသာပြောလိုက်ပြီးနောက်မှာ တရားသူကြီးဟာလည်း သက်သေအခိုင်အလုံများကြောင့် ဆူးမာန်ကို ပြန်ပေးဆွဲမှု၊လူသတ်ရန် လုပ်ကြံမှုများကြောင့် ထောင်နန်းစံသွားတော့သည်၊

ရှင်းငယ်ဟာ ညိုှးုငယ်ကာပိန်ကျသွားသည့်ဆူးမာန်ကို ကြည့်ရင်းသက်ပြင်းချမိလိုက်သည်၊အနိုင်ယူလိုစိတ်ကြောင့် မလုပ်သင့်ထိုက်တဲ့ကိစ္စတွေကို လုပ်ခဲ့ပြီး လမ်းမှားရောက်ခဲ့ပါလား၊ရှင်းငယ် သနားမိတာ အမှန်ပေမယ့် ဆူးမာန်ဟာ သင်ခန်းစာရဖို့ မျှော်လင့်သည်၊

"ငယ် သွားရအောင်" ကိစ္စတွေပြီးဆုံးပြီးနောက်မှာ သျှားမင်းလျှံဟာ ရှင်းငယ်ကို ဖက်လိုက်ပြီး ပြောလိုက်သည်၊

"ဟုတ် ကိုကို" ရှင်းငယ်ခေါင်းညိတ်ကာ ပြောလိုက်ပြီးနောက်မှာ သျှားမင်းလျှံနဲ့ထွက်သွားတော့သည်၊မိုးညမိုက်ဟာ သက်ပြင်းချကာ ကြည့်လိုက်ပြီးနောက်မှာ ဘေးနားက ရှင်းငယ်အစ်ကိုဟာ ခပ်သဲ့သဲ့ရယ်လာတော့သည်၊

ကိုယ့္ကို လက္ထပ္ပါ ငယ္(Completed) Where stories live. Discover now