Psycho

42.8K 482 26
                                    

🖤 PSYCHO 🖤
Part - 1

Switzerland...... ။

Rose Palace ( နှင်းဆီနန်းတော်စံအိမ်)

ရဲကားတွေ ဆေးရုံကားတွေက Rose Palace ရှေ့ ရှုပ်ယှက်ခတ်နေသလို လူနာထမ်းစဥ်တွေနဲ့ ထွက်လာသည့် အလောင်းတွေထဲ အလောင်းတစ်ခုသာ အကောင်းပကတိရှိကာ ကျန်သည့်အလောင်းတွေက ခုတ်ထစ်သတ်ဖြတ်ထားသည်မို့ သွေးသံရဲရဲဖြင့် ဝိုင်းအုံကြည့်နေကြသည့်လူတွေပင် အလန့်တကြား ထအော်ကြစေသည်အထိ သွေးပျက်စရာကောင်းနေသည်။

" ဖအေ အလောင်းပဲ အကောင်းပကတိရှိတာပေါ့။ "

" ဟုတ်ပါ့အေ.....အမေရော ကျန်တဲ့ကလေးနှစ်ယောက်ပါ သေနေတာ ပိုးစိုးပက်စက်ပဲ။ "

" ဟဲ့.... ကလေးက သုံးယောက်လေ...."

" အငယ်လေးကျန်သေးတယ်.....မသေဘူးတဲ့။ "

" ကလေးသနားပါတယ်ဟယ် ..."

တစ်ယောက်တစ်ပေါက် ပြောနေကြသည့် စကားသံတွေအဆုံး ဆေးဝန်ထမ်းတွေချီလာသည့် အသက် ဆယ်နှစ်အရွယ်ကလေးငယ်တစ်ဦး။ သွေးတွေပေလူးနေသလို မျက်လုံးပြာလေးနှင့် ချစ်စဖွယ် ထိုကောင်လေးမှာ ယနေ့ညတွင်းချင်းပင် တစ်ကောင်ကြွက်ဖြစ်သွားပြီဖြစ်၏။

ထိုကလေးနာမည်က.....ဂျစ်။

" ညီလေး.....ရေလေးသောက်လိုက်နော်။ "

ဖအေဖြစ်သူ၏ အလောင်းကိုလှမ်းကြည့်နေတာမို့ ဆေးဝန်ထမ်းလေးက မြင်ကွင်းမှာပိတ်ရပ်ကာ ပြုံးရယ်ရင်း ရေဗူးလေးကမ်းပေး၏။

" ကျေးဇူးတင်ပါတယ် ကိုကြီး။ "

ဂျစ် ရေသောက်နေစဥ် အမေဖြစ်သူ၏ သွေးပျက်စရာအလောင်းကို လှမ်းမြင်လိုက်ရ၏။ ရေသောက်နေရင်း နှုတ်ခမ်းပါးထောင့်စွန်းက မသိမသာ အပြုံးရိပ်သမ်းသွားသလို လူနာတင်ကားလေးပေါ် လှဲအိပ်ချလိုက်သည့်အခါ သက်တောင့်သက်သာ ရှိလှသည့်ခံစားချက်။

ကောင်းလိုက်တာ......။
ဒီနေ့ အိပ်ရေးဝဝအိပ်ရပြီ ထင်ပါရဲ့။
နှောက်ယှက်မည့်သူ မရှိတော့ဘူးလေ.......သေပြီ။

-------------------

ကျောင်းကားထိုးရပ်လာသည်နှင့် ရှူးဖိနပ်ပန်းရောင်လှလှလေးစီးထားသည့် ခြေထောက်လှလှလေး ဆင်းလာသလို ပန်းရောင်ဂါဝန်အကားလေးကို ဝတ်ထားသည့် ဆယ့်ငါးနှစ်အရွယ် ကလေးမလေးတစ်ယောက်။ ချစ်စရာမျက်နှာလေးက မပြုံးပဲ တည်တင်းနေသလို အိမ်ထဲမှ ပြေးထွက်လာသည့် အိမ်အကူအမျိုးသမီးကြီးကိုမြင်တော့ ပိုဆိုးသွား၏။

Psycho 🔞 ( Complete) Hikayelerin yaşadığı yer. Şimdi keşfedin