💗 PSYCHO 💗

11.9K 289 23
                                    

Part - 7

! ဒိုင်း!

နားထဲကျယ်လောင်သွားသည့် သေနတ်သံနဲ့အတူ ဆူး ​နေရာတင် ဒူးညွှတ်လျက်ခွေကျသွားရသည်။

! အ.....အားးးးအဟင့်.....ဟင့်...."

ဆူး နာနာကျင်ကျင် အော်ဟစ်ငိုမိသလို သွေးတွေထွက်နေသည့် ဒူးဆစ်ကို ကြည့်ကာ တုန်ယင်နေသော လက်အစုံဖြင့် ထိရမလိုမထိရဲသလို ဖြစ်နေသည်။ တစ်လှမ်းချင်း သွေးအေးအေးဖြင့် လျှောက်လာသည့် ဂျစ်ကို လှမ်းကြည့်ရင်း ထရပ်ရန် ကြိုးစားပေမယ့် မရ။

ဂျစ် သူ့ကို ကြောက်ကြောက်လန့်လန့်ဖြင့် မော့ကြည့်နေသည့် ဆူး ရှေ့ ခြေစုံရပ်ရင်း ဟင်းခနဲ သက်ပြင်းချလိုက်သည်။ သေနတ်ကို ခါးကြားပြန်ထိုးရင်းမှ သွေးတွေရွှဲနစ်နေသည့်
သူမဒူးဆစ်လေးကို အသာကိုင်ရင်း မြေပြင်ပေါ် ဖင်ထိုင်လျက်လေး လဲနေသည့် ဆူးအား ငုံ့ကြည့်၏။

သူ က ချော့မယ်ဆိုပြီး တွေးလာတာကို ထွက်ပြေးသည်။ စိတ်ကောင်းဝင်နေတာကို ဒေါသထွက်အောင်လုပ်သည်။ ဂျစ် ဆူးရဲ့ လက်မောင်းကို ကိုင်ကာ ဆွဲထူပစ်လိုက်တော့ တအအဖြင့် နာ၍အော်ရင်း သူ့လက်ထဲ ကိုယ်လေးပါပါလာသည်။

" ဘာလို့ ထွက်ပြေးရတာလဲ......."

" အဟင့်.....ဟင့်.....လွှတ်....လွှတ်စမ်း.... နင် ရူးနေပြီ ။ "

ဂျစ် ခပ်ရွဲ့ရွဲ့ပြုံးမိသည်။

" ဟုတ်တယ်.......ရူးနေပြီ အဲ့ဒါ ဘာဖြစ်လဲ.....ဘာ...ဖြစ်.....လဲ။ "

ဆူး တအင့်အင့်ရှိုက်ရင်းမှ ခေါင်းကိုခါယမ်းမိသည်။ အတင်းရုန်းရန်ကြိုးစားသလို လက်တွေက ဂျစ် ရင်ဘတ်ကြီးကို တဘုန်းဘုန်းထုရိုက်၏။

" စောက်ရူးကောင်.....ငါ့ကို လွှတ်.......လွှတ်ဆို။ "

ဂျစ် မျက်နှာက တည်တင်းမှုန်ကုတ်သွား၏။ ဆူးကိုယ်လေးကို ခါးမှ အလျားလိုက် ဆွဲချီမရင်း အိမ်ထဲ ဒေါသတကြီးဝင်လာကာ ကြမ်းပြင်ထက် ဆောင့်တွန်းချပစ်သည်။ ဆူး ကိုယ်လေးက ပစ်စလတ်ခတ် လဲကျသွားရင်း အံကိုတင်းခနဲ ကြိတ်မိသည်။

" ဂျစ်....နင်....အားးးးး"

ရန်တွေ့ရန် ​ပြင်လိုက်ပေမယ့် ဆူး လဲကျနေသည့် ဘေးမှာ မျက်လုံးအပြူးသား သွေးအရွှဲသားဖြင့် ပိုးစိုးပက်စက်သေနေသည့် မျက်နှာကြီးကြောင့် အားခနဲ အော်ကာ ပက်လက်လဲနေရာမှ တရွတ်တိုက်မတတ် နောက်ပြန်ဆုတ်မိတာ သွေးပျက်စွာပင်။ ဂျစ် ဆူးပုံစံကို မမှိတ်မသုန် စိုက်ကြည့်နေရင်းမှ အနားလျှောက်လာကာ ခါးကိုင်းချရင်း ဆူးရဲ့မေးစေ့ချွန်ချွန်လေးကို ဖျစ်ညှစ်ကာဆွဲပင့်ပစ်သည်။

Psycho 🔞 ( Complete) Where stories live. Discover now