PSYCHO

16.4K 342 39
                                    

Psycho
Part - 2

Lauterbrunnen ရွာလေးက တိတ်ဆိတ်ငြိမ်သက်နေသလို အမြဲအေးချမ်းနေတတ်ပေမယ့် ဒီနေ့တော့ Church ကျောင်းထဲရှိ ရွာသူရွာသားတွေ အနည်းငယ် ဂဏှာမငြိမ်ဖြစ်နေကြသည်။ ခေါင်းတလားအနက်ရောင်က ပိတ်ထားရသလို ခေါင်းတလားထဲမှ ကလေးငယ်လေး၏ မျက်နှာတစ်ခုလူံးမှာ ကြေမွပျက်ဆီး ကာ နှာခေါင်းရိုးဆိုလဲ ကျိုးကြေကာဖွာထွက်လျက် အရေပြားတို့က စုတ်ပြဲနေသည်။ မှူခင်းဆရာဝန်တို့ လက်လျော့ရလောက်အောင်ကို အလောင်းအား ပြန်ပြင်ဖို့မရပဲ ထူးခြားသည်က မျက်တွင်းဟောက်ပက်ဖြင့် မျက်စိနှစ်လုံးလဲ ပျောက်ဆုံးကာ နှိုက်ကလော်ထုတ်ခံထားရ၏။

သွေးပျက်စရာ လူသတ်မှုပင်။

Church ကျောင်းထဲ ဂန္ဓမာပန်းအဖြူတစ်ပွင့်ကိုင်လျက် ပြေးဝင်လာသည့် ကလေးလေးတစ်ယောက်.......တစ်နည်းအားဖြင့် ဂျစ်။

" ဟေ့....ကလေး ဘာလာလုပ်တာလဲ။ "

ဆယ်နှစ်အရွယ် ဂျစ်ကလေး၏ မျက်နှာက ငိုမဲ့မဲ့ဖြစ်သွားရရင်း ....

" ကျွန်တော့် သူငယ်ချင်း ကို နှုတ်ဆက်ချင်လို့ပါ။"

ဂျစ်အနားသို့ ဟင်နရီ့အမေက ​တလှမ်းချင်းလျှောက်လာကာ ပခုံးကိုအသာဖက်၍....

" အန်တီ ဒီပန်းကို ဟင်နရီ့ရင်ဘတ်ပေါ် တင်ပေးမယ်နော်။ "

" ကျွန်တော် ကိုယ်တိုင်တင်လို့ မရဘူးလားဟင်။ "

ဟင်နရီ့ အမေက သက်ပြင်းလေးချရင်း ခေါင်းခါယမ်းကာ ဂျစ်ကြောက်မှာစိုးရိမ်သည်။ မလှမ်းမကမ်းမှ နေခိုင်း၍ သူကိုယ်တိုင်ပန်းလေးတင်ရန် ဟင်နရီ့အမေက ခေါင်းတလားကိုလှမ်းအဟ ကြောက်လွန်း၍ ဂျစ်ကိုယ်လေးမှာဆတ်ခနဲ တုန်သွား၏။

အသုဘပို့သည့်တစ်လျှောက်လုံး မျက်ရည်စလေးတွေ ဝဲလျက်ရှိနေသည့် ဂျစ်ပုံစံကြောင့် အကုန် သနားဂရုဏာသက်ကြ၏။ ဂျစ်မျက်ဝန်းတွေက ညှိုးကျနေသလို ငိုင်တိငိုင်တိုင်လေးဖြင့် ပြန်သွား၏။

သို့ပေမယ့်.....။
သို့ပေမယ့် Rose palace ခြံဝင်းထဲပြန်ရောက်သည်နှင့် ဂျစ်မျက်ဝန်းပြာတွေဟာ တလက်လက်ဖြင့် တောက်ပလာ၏။ နှုတ်ခမ်းပါးတွေပြုံးမယောင်သမ်းကာ ခြေလှမ်းလေးတွေက ရှေ့တိုးနောက်ဆုတ် ခုန်ပေါက်ကာ လက်တွေလေထဲ ယိမ်းထိုးကာ နှုတ်ခမ်းပါးမှ ငြီးလာသည့် စည်းချက်အတိုင်း ကခုန်လာသည်။

Psycho 🔞 ( Complete) Hikayelerin yaşadığı yer. Şimdi keşfedin