P.13(27/jan)

6.2K 263 13
                                    

🖤 PSYCHO 🖤
Part - 13

ထိုရက်တွေအတွင်း ဂျစ် ဆူးကို အတော်ဂရုစိုက်၏။ အကြမ်းဆန်သော ဝံပုလွေဆိုးတစ်ကောင်၏ အပြုအမူတွေအစား ညင်သာနူးညံ့တတ်သည့် သိုးပေါက်လေးပမာ ကြင်နာယုယပြန်သည်။ အခုလဲ ဆူး စားချင်သည့် ပန်းသီးကို အခွံခွာကွာ အစိတ်လေးတွေသေချာစိတ်ပေးနေကာ ဧည့်ခန်းထဲ TV ကြည့်နေသည့် ဆူး ကို မကြာမကြာ ထွက်ကြည့်သေး၏။

" ဆူး....ဒီမှာ မောင် ပန်းသီးတွေ စိတ်ခဲ့ပြီ...စား..."

ဧည့်ခန်းထဲမရှိတာမို့ ဂျစ် ခြေလှမ်းတွေ တုန့်ခနဲ ရပ်သွား၏။ လက်ထဲမှ ပန်းသီးစိတ်ပန်းကန်ကို စားပွဲပေါ် ချလိုက်ကာ အကြည့်တို့က ဟိုဒီကျီးကန်းတောင်မှောက်။

ပွင့်နေသည့် မြေအောက်ခန်းတံခါးကြောင့် ဂျစ် ခြေလှမ်းတွေ လှေကားအတိုင်း ဆင်းချလာသည်။

" ဆူး....."

ပြန်ထူးသံမကြားရပေမယ့် ဆက်ဝင်လာတော့ စင်တစ်ခုပေါ် စီရီတင်ထားသည့် ပုလင်းတွေကို ငေးစိုက်ကြည့်ရင်း သူသောက်နေကျ Davidoff စီးကရက်ကို သူမ၏ လှပစွာသော အသဲပုံနှုတ်ခမ်းမှာ ဖိကိုက်ထားသည်။

" ကိုယ်ဝန်ကြီးနဲ့ကို ဘာလို့ မနှစ်မြို့စရာ ကောင်းတာတွေ ကြည့်နေရတာလဲ...."

ဂျစ် စီးကရက်ကို ဆွဲယူပစ်လိုက်ရင်း ကြမ်းပြင်ပေါ် ပစ်ချကာ ရှူးဖိနပ်ဖြင့် တက်နင်းပစ်၏။ သူ့ပုံစံကို ဆူးက ငဲ့ကြည့်လာရင်း တီးတိုးပြောလာသည်။

" မောင် 6$ ကို နင်းပစ်လိုက်တာပဲ။ "

Davidoff စီးကရက်ဟာ ကမ္ဘာ့စျေးအကြီးဆုံး စီးကရက်တွေထဲက တစ်ခုဖြစ်သလို Swiff က Brand ဆိုလဲ မမှားပါ။ Swiff အထက်တန်းလွှာ လူတန်းစားအတွက်တော့ မစိမ်းတဲ့ စီးကရက်ပင်။

" မောင် ပန်းသီးတွေ စိတ်ထားတယ်။ အပေါ်ပြန်တက်ရအောင်။ "

သူ့အပြောကို နားဝင်ဟန်မရပဲ သူမရှေ့တည့်တည့်မှ ပုလင်းထဲရှိ ဆေးရည်စိမ်ထားသော မျက်လုံးကို ငေးစိုက်ကြည့်နေသည့် ဆူး...။

" လှတယ်နော်....."

ဂျစ် ထူးဆန်းစွာ ဆူး၏ မျက်နှာကို ငေးမိသွားသည်။

Psycho 🔞 ( Complete) Where stories live. Discover now