Part 8 ( 29/Dec)

10.9K 301 16
                                    

🖤 PSYCHO 🖤
Part - 8

ချွင်......ချလွင်.....ချလွင်

အခန်းထဲ လျှောက်သွားကြည့်နေသည့် ဆူး။ ခြေထောက်တစ်ဖက်က သံခြေကျင်းခတ်ခံထားရသလို သံကြိုးက သွားရာတစ်လျှောက် အသံမြည်ရင်း တန်းလန်းတန်းလန်းပါလာသည်။ သံကြိုးအရှည်ကြီးမို့ အခန်းထဲတော့ နှံ့အောင်သွားလို့ရပါသည်။

" ဆူးရေ.......ဆူး မောင်အပြင်သွားဦးမယ်နော် ။ "

အောက်ထပ်ဆင်းသွားရင်း အော်ကာ အသိပေးသွားသည့် ဂျစ်။ ဆူး မျက်ဝန်းတွေကို အသာမှိတ်ချရင်း နားနှစ်ဖက်ကိုပါ လက်ဖြင့်ပိတ်ပစ်လိုက်သည်။ မကြားချင်ဘူး သူ့အသံကို။

! ကျွီ.....!

ပွင့်လာသည့် ဗီရိုတံခါးကြောင့် ဆူး ဖျတ်ခနဲ လှမ်းကြည့်မိသည်။ ပေကျံနေသည့် ခြေထောက်တစ်ချောင်း ဗီရိုထဲမှ အရင်ထွက်လာသလို ဆူး တစ်နေ့က ကိစ္စကို ဖျတ်ခနဲ သတိရသွားသည်။

" ဟင်....."

! ဂါးးးးးးဂါးးးးးးးဂရူးးးး!

မပီသသည့် အော်သံတွေနှင့် ဆူးဆီ ပြေးဝင်လာသည့် ဆံပင်နီကြောင်ကြောင်ဖားလျားဖြင့် လူတစ်ဦး။

! ဝုန်း.....!

" အမလေး....."

ခုန်အုပ်ခံလိုက်ရသည်မို့ ဆူး ကြမ်းပြင်ပေါ် ပက်လက်လန်ကျသွားရသလို ထိုလူက ဆူးအားအပေါ်ကနေ ကားယားခွကာ လည်ပင်းကိုညှစ်၍ ဆူးကို ကြမ်းပြင်နဲ့ ကိုင်ကိုင်ရိုက်သတ်တော့တာပင်။

! ဘုန်း.....ဘုန်း.....ဘုန်း!

" အားးးးးးဖယ်.....ဖယ်စမ်းးကယ်ကြပါဦး..... ဂျစ်.....ဂျစ်ရေ.....မောင့်....အင့်....ဝူးးးးဝူးးးးး"

" ဂရားးးးးဂါးးးး"

ပါးစပ်မှ အသံဗလံတွေထွက်ရုံမက ပါးစောင်မှပင် သွားရေတွေစီးကျလျက်ရှိနေတာမို့ ပက်လက်ကလေးရှိနေသည့် ဆူး ပေါ် ထိုသွားရေတွေက ကျနေသည်ကို ရွံရှာစွာ မျက်နှာလေးအတင်းလွှဲထားမိ၏။

" ဂျလောက် ! "

အခန်းတံခါးပွင့်သံနဲ့အတူ ပြေးဝင်လာသည့် ဂျစ်ကိုမြင်တော့ ထိုလူမမည်သော သတ္တဝါမှာ ဗီရိုထဲ ပြေးဝင်ပျောက်ကွယ်သွား၏။ ဆူးမှာသာ ကြမ်းပြင်ပေါ် ပက်လက်ကလေးဖြင့် မျက်လုံးကြီးပြူး အသက်ရှူဖို့မေ့နေကာ အကြောက်ကြီးကြောက်ပြီး မလှုပ်မယှက် ကျန်ခဲ့၏။

Psycho 🔞 ( Complete) Where stories live. Discover now