🖤 PSYCHO 🖤

11.1K 291 35
                                    


Part - 6

" ကိုယ် မင်းကို လိုချင်တယ် ဆူး.....ကိုယ်နဲ့ အဖော်ပြုပေးနိုင်မလား။ "

ဆူး ကို ရီဝေစွာငေးကြည့်ရင်း တောင်းဆိုလာသည့် လူကြောင့် ဆူး နှုတ်ခမ်းပါးလေးက ညွှတ်ကျသွားရသည်။

" စကားစမြည်ပြောဖို့ဆိုရင်တော့ အဆင်ပြေပါတယ်။ "

မောင့်ကို ရွဲ့ချင်စိတ်ဖြင့်သာ ဆူး သူ့ကားပေါ်ရောက်လာပေမယ့် တကယ်တမ်း ဆူး နှလုံးသားက လက်မခံနိုင်ပါ။ မောင့်ကိုကျ နှလုံးသားထဲမှကို လိုလိုလားလား ကြည်ဖြူခဲ့ပေမယ့် မောင်က ဆူး သိပ်ချစ်ရသည့် ယောကျာ်း။

ကားပါကင်ထဲထိုးဝင်လာသည့် ကားပေါ်မှ အလောတကြီးဆင်းလာသည့် မောင့်ကို ဖျတ်ခနဲ လှမ်းမြင်လိုက်ရသလို ဆူး ရဲ့ နှုတ်ခမ်းတွေဟာ ထိုလူ့ကို နမ်းရှိုက်ပြီးသားဖြစ်သွား၏။ ထိုလူ့လည်တိုင်ကို သိုင်းဖက်၍ ဆူး မျက်ဝန်းတို့ကို စုံမှိတ်ကာ နမ်းရှိုက်သလို ထိုလူ့ဆီမှ အသက်ရှူသံတွေ ပြင်းထန်လာ၏။

! ဝုန်း.....!

" မိန်းမပျက်မ......"

ဆူး ဆံနွယ်တွေကို အကြမ်းပတန်း ဆောင့်ဆွဲခံလိုက်ရသလို ကားပေါ်မှ ဆွဲချခံလိုက်ရသဖြင့် ရုပ်ပျက်ဆင်းပျက်ပင် ကားအောက်ရောက်ချသွားရသည်။

! ဖြောင်း!

ဆူး ပါးတစ်ဖက်က ပူထူသွားသလို ခွေခနဲ လဲကျသွား၏။ ရိုက်သည်.....ဆူးကို မောင့်လက်နဲ့ ပါးရိုက်လိုက်သည်ပဲ။

" သူတောင်းစား......အဲ့ဒါ ငါ့ဆော်ကွ ။ "

ဂျစ် လက်က မြန်သလို တစ်ဖက်ကားတံခါးမှ အမြန်ဆင်းချလာသည့် လူဆီ တန်းရောက်သွားကာ ဆွဲထိုးပစ်သည်။ တစ်ဖက်လူက ပြန်ထိုးရန် လက်သီးဖြင့် ရွယ်ရုံရှိသေး ခါးကြားမှာ ဆောင်ထားလေ့ရှိသည့် တူအသေးလေးထုတ်ကာ နားထင်အား လွှဲရိုက်ချပစ်သည်။

! အားးးးး!

သွေးတွေဖြာထွက်ကာ လမ်းမထက်လဲကျသွားသည့် လူအပေါ် ခွထိုင်၍ ဆံပင်စကိုဆောင့်ဆွဲထားရင်း မီးဝင်းဝင်းတောက်မတတ် မျက်ဝန်းသေကြီးဖြင့် စူးစိုက်ကြည့်၍ ကြုံးဝါးသည်။

Psycho 🔞 ( Complete) Where stories live. Discover now