🖤 Psycho 🖤

18.4K 344 21
                                    


Part - 3

မိုးပြာရောင်ကောင်းကင်ကြီးကို ငေးကြည့်ရင်း လေယာဥ်ပြတင်းမှတဆင့် တိမ်တွေကိုလဲ မြင်နေရသည်မို့ ဆူးရဲ့ နှုတ်ခမ်းလှလှလေး ပြုံးယောင်သမ်းသွားသည်။ ဆူးက သိပ်ကိုအမြင့်မှန်းသည့် မိန်းမမို့ လေယာဥ်စီးရသည်ကို သဘောကျနေသည်။ VIP Class က လိုက်စီးပြီး လူတွေအပေါ် မှာ ရောက်နေတာ ဆူးကြိုက်သည်။

" ဝိုင် ရပါပြီရှင်။ "

လေယာဥ်မယ်လေးက ဝိုင်ခွက်လေးယူလာပေးသဖြင့် ဆူး လှမ်းအယူ လက်ချင်းထိမိသွားသဖြင့် ကျစ်ခနဲစုပ်သပ်မိသည်။ ဝိုင်ခွက်ကို ဆောင့်ချရင်း လက်သန့်ဆေးထုတ်ကာ လက်ဖဝါးလေးနှစ်ဖက်ပေါ် တရှူးရှူးဖြန်း၍ မသတီသလို ဆေးကြောပစ်သည်။ Hand cream လေးကို ပြန်လူးရင်း ဝိုင်ခွက်ကို ပြန်ယူကာ မျက်ဝန်းလေးတွေမှေးစင်း၍ ဇိမ်ခံသောက်သည်။

သိတယ် မဟုတ်လား.....ဆူးက သိပ်တင်စီးတဲ့မိန်းမလေ။ ကိန်းကြီးခန်းကြီး သိပ်နိုင်တာ။

Switzerland ....။
ဆူး သိပ်ကို အလည်သွားချင်ခဲ့တဲ့ နိုင်ငံ။ သိပ်အေးချမ်းတယ်လို့ ပြောတာပဲ။ ကမ္ဘာမြေပေါ်က Paradise ။

ဆူးဟာ ဒီခရီးမှာ အဖော်မခေါ်လာသလို လက်တိုလက်တောင်းခိုင်းဖို့လူပင် မပါ။ တစ်ယောက်ထဲ လွတ်လွတ်လပ်လပ် နေချင်တာရော ဘယ်သူမှစိတ်တိုင်းမကျတာမို့ပင်။

ဂျစ် တစ်ညလုံးမအိပ်ပဲ ပစ္စည်းတစ်ခုဖန်တီးနေခြင်းပင်။ သာမန်လက်သန့်ဆေးကိုမှ ပြန်ပြီးထပ်ကွန့်ကာ ကိုင်ခဲ့သမျှလက်ဗွေရာတွေ မကျန်ခဲ့စေသည့် ဆေးရည်မျိုး။ စမ်းသပ်မျက်မှန်ကို ဆွဲချွတ်လိုက်ရင်းမှ ထိုင်နေရာမှထရပ်လိုက်တော့ မြင်းမားသော အရပ်ကြီးက ဝတ်ထားသည့် ဂျင်းအနက်ဘောင်းဘီရှည်နှင့် ပနံရလှသည်။ အပေါ်အင်္ကျီမဝတ်ထားတာမို့ ဖုထစ်နေသော ရင်အုပ်ကြွက်သားတွေနှင့် ဗိုက်မှ Belly တွေက အစီအရီ။

သူရောက်နေတာ Rose Palace ရဲ့ အပေါ်ဆုံးထပ်ခိုးတွင်မို့ မှန်ကာထားသည့် နံရံကနေ ခြံထဲငုံ့ကြည့်မိသည်။ မွန်းစတား.........သူမွေးထားသည့် အင်္ဂလိပ် foxhound အမဲလိုက်ခွေးအမျိုးအစား ခွေးဖြစ်သလို သူကိုယ်တိုင်အထူးလေ့ကျင့်ပေးထါးသဖြင့် အင်မတန်တော်သည့်ကောင်ပင်။ အခုလဲ ခြံထဲလိုက်ပတ်နေကာ ပြေးလွှားနေ၏။

Psycho 🔞 ( Complete) Where stories live. Discover now