P.14( 4/Feb)

5.9K 210 4
                                    

🖤 Psycho 🖤
Part - 14

Rose palace ရဲ့ ခြံတံခါးဘဲလ်မြည်လာခဲ့သည်။ မှတ်မှတ်ရရပေါ့.....ထိုနေ့က နှင်းတွေသိပ်ကျနေခဲ့တာ။ ဂျစ်ရဲ့ ဘဝထဲကို အဲ့မိန်းမ ရောက်ရှိလာခဲ့သည်....မောင့် ရင်ခွင်ထဲက မောင့်နတ်သမီးကို ဆွဲထုတ်မယ့် ဆိုးရွားယုတ်မာသော အကြံအစည်တွေနှင့်အတူ။

ဂျစ် ဆူးရဲ့ ဂါဝန်လေးကို ဇစ်ဆွဲတပ်ပေးနေစဥ် ကြားလိုက်ရသည့် ဘဲလ်သံကြောင့် ဆူးကိုတစ်ချက်ကြည့်မိသည်။

" မောင် သွားလေ...."

ဂျစ် ပြုံးလိုက်မိရင်းမှ ​ဆူး၏ လက်ဖမိုးလေးကို တစ်ချက်နမ်းလိုက်ကာ အခန်းထဲမှထွက်၍ အောက်ထပ်ဆင်းလာခဲ့သည်။ ခြံတံခါးကို ဆွဲဖွင့်လိုက်တော့ သူနဲ့ရွယ်တူမိန်းကလေးတစ်ယောက်။ နူး ဂျစ်ကို ငေးကြည့်ရင်း ချောလွန်းသည့် ယောကျာ်းမို့ ရင်ထဲလှုတ်ခတ်သွားရသည်။

" ဘာကိစ္စလဲ...... "

" ဒီဓာတ်ပုံထဲက နူးရဲ့အစ်မပါ......ဟိုတယ်က ဝန်ထမ်းလေးပြောတာ အစ်ကိုနဲ့တွဲတွေ့ဖူးတယ်ပြောလို့..."

ဂျစ် ဓာတ်ပုံကို ဆွဲယူကြည့်လိုက်သည်။ အနက်ရောင်ဂျင်းဘောငိးဘီအရှည်ကြီးနဲ့ Suit အပြည့်အစုံကိုဝတ်ကာ ဆူးက ဓာတ်ပုံထဲမှာတောင် အလှလေး။

" အိမ်ထဲဝင်လာခဲ့......"

နူး ခပ်ရို့ရို့လေး အိမ်ထဲဝင်လာ၏။ ဂျစ်က ခြံတံခါးကို ဂျိန်းခနဲ ဆွဲပိတ်ပစ်ရင်းမှ အနောက်ကလိုက်လာသလို အိမ်ပေါက်ဝလဲအရောက် အနားရှိ ပန်းအိုးကိုဆွဲယူကာ နူး၏ခေါင်းကို ခွမ်းခနဲ လွှဲရိုက်ချပစ်သည်။

! အားးး!

နူး သွေးတွေဖြင့် လဲကျသွားသလို ကြောက်လန့်တကြား  မော့ကြည့်မိသည်။ ဂျစ် ခပ်အေးအေးစိုက်ကြည့်ရင်းမှ မျက်နှာကို သေချာတည်ကာ လက်သီးဖြင့် ခွပ်ခနဲ ထိုးချပစ်၏။ နူး သတိလစ်သွားတော့သည်။

မြေအောက်ခန်းဆီ တရွတ်တိုက်ဆွဲချလာရင်း....

" နစ်ခ်......"

သူ့အော်ခေါ်သံကြောင့် အနားရောက်လာသည့် နစ်ခ်က သတိလစ်ကာ သွေးအလိမ်းလိမ်းဖြစ်နေသည့် နူးကို ငေးကြည့်၏။

Psycho 🔞 ( Complete) Where stories live. Discover now