P.15(5/ Feb)

5.5K 189 11
                                    

🖤 Psycho 🖤
Part - 15

နူး ကြောက်လွန်း၍ ကိုယ်လေးမှာ တဆတ်ဆတ်တုန်ယင်နေသည်။ ရက်တွေလဲ မသိတော့သလို နူးပုံစံလေးမှာ သွေးခြောက်တွေ.....ထွက်ခါစသွေးတွေနှင့် ပေကျံစုတ်ပြတ်နေ၏။

တစ်လ.....။
တစ်လပြည့်ခဲ့ပါပြီ။

ဂျစ်ဟာ မှောင်ခိုလောကသားတွေဆီ သူဖန်တီးထားသည့် ဆေးရည်အား စျေးကြီးကြီးနဲ့ဒေါ်လာသန်းချီစျေးအမြင့်​ဆုံး ရောင်းခဲ့သည်။ Social Media ကနေ ရောင်းခြင်းဖြစ်သလို ဂျစ်ဘယ်သူမှန်း မသိသလို မစုံစမ်းနိုင်ကြ။ ဆေးရည်ကို အလုအယက်ဝယ်ကြသူတွေထဲ တော်ဝင်မိသားစုတွေပါ ပါကြသလို ဂျစ်ဟာ ချမ်းသာသထက်ကို ချမ်းသာလာသည်။

ဆူးကရော.....သူ့ဆူးကို Brand ဆိုမှ Brand ဆင်သည်။ Dior,Channel, Celine....တကယ့်အကောင်းစား Brand တွေက အသစ်ထွက်လာသည့် Dress တွေကို ဆူးအတွက် အမြဲဝယ်ဖြည့်ပေး၏။

မောင့်မယားက အမြင့်သိပ်ကြိုက်တာလေ....မောင် သိတာပေါ့။

" မောင်....လှတယ်မဟုတ်လား"

" မောင်... ဆူး လှသလား..."

ဒီလို ကိုယ့်ကိုယ်ကိုယ် အယုံအကြည်မရှိတဲ့ မေးခွန်းမျိူးတွေ ဆူး ဘယ်တော့မှမမေးတတ်။ သူ့အလှသူ သိပ်ယုံကြည်တဲ့ မိန်းမလေ....။

" မောင် တို့ ဘယ်လောက်လှနေသလဲ။ "

အမြဲတမ်း ဤသို့သာ မေးတတ်သည်။ သူက နတ်ဘုရားမတစ်ပါးနဲ့တူတယ်ဟုပြောလျှင် သူ့လည်တိုင်ကို သိုင်းဖက်၍ နှုတ်ခမ်းတွေကို နမ်းလာရင်း....

" မောင့်က Puppy လေးကျနေတာပဲ....သိပ်ချွဲတတ်တယ် "

ထိုအခါ သူ ဟက်ဟက်ပက်ပက် ရယ်မောမိမြဲသာ။ သူဟာ ဆူးနဲ့ဆို သိပ်နူးညံ့ချင်သည်....ဆူးထံမှ ကြင်နာမှုကို မက်မောသည်။ ဂရုဏာကို ငတ်မွတ်သည်။ ချော့မြူမှုကို ငံ့လင့်လေ့ရှိ၏။

မောင် ချစ်တဲ့လူဆီကမို့ပါ.....မောင် လောဘကြီးမိတယ်။

@@@@@@@@@@@@

နစ်ခ် အခန်းတံခါးကို တွန်းဖွင့်ကြည့်ပေမယ့် မရ။ ဂျစ်က တံခါးကိုအသေသော့ခတ်ထားသည်။ ဘယ်လောက်ကြိုးစားကြိုးစားမရတာမို့ ဒေါသတကြီး တံခါးကို ဒုန်းခနဲထုပစ်ကာ ဒီဘက်ပြန်အလှည့် ဘယ်အချိန်ထဲက သူ့နောက်ကို ရောက်နေမှန်းမသိသည့် ဂျစ်။

Psycho 🔞 ( Complete) Where stories live. Discover now