P.12 ( 21/Jan)

6.8K 258 8
                                    

🖤 PSYCHO 🖤
Part - 12

ရေချိုးခန်းထဲမှ ထွက်လာသည့် ဆူးပုံစံကိုကြည့်ရင်း ဂျစ် မျက်စပင့်မိသွားရသည်။ ဇာအဖြူကိုမှ အပါးသားမို့ အတွင်းသားတွေကိုမြင်နေရသည့် Bathrobe မျိုး သူမပဲ ရှာရှာဖွေဖွေဝတ်တတ်သည်။ တစ်ခါတစ်ခါ သူ့ရှပ်အင်္ကျီကြီးတွေ ယူဝတ်တတ်သလို အကျင့်မကောင်းသည်က ဘယ်တော့မှ ပြန်မပေးပဲ သိမ်းသွား၏။

" ဆူးကကွာ.....မောင့်အဝတ်အစားတွေလဲ ဆူးယူဝတ်တာ....."

" ဘာလဲ.....မဝတ်ရဘူးလား။ "

မျက်နှာလေးထေ့ပြီး ထီမထင်သည့်ပုံစံဖြင့် ပြန်မေးလာသည့်အခါ ဘာကြောင့်မှန်းမသိအောင် သူ ခေါင်းယမ်းပြီးသားဖြစ်နေခဲ့ပြန်သည်။ အခုလဲကြည့်.....ရေစိုနေတဲ့ ဆံပင်တွေကို တဘက်တစ်ထည်ဖြင့် သုတ်ရင်း အိပ်ယာထက် တင်ပါးလွှဲလေး ခြေချိတ်ထိုင်နေ၏။

" ဆူး.....မောင့် အနားခဏလာ။ ပြောစရာရှိတယ်။ "

" ပြောချင်တဲ့လူက လာရမှာ မဟုတ်ဘူးလား။ "

ကြည့်....အဲ့လိုတင်စီးတဲ့မိန်းမပါဆို။
ဂျစ် အနားလျှောက်လာရင်းမှ ဆူး၏ မေးစေ့ကို ခပ်ဆတ်ဆတ်လက်ဖြင့် အသာဆွဲပင့်လိုက်သည်။

" ခင်ဗျားနှုတ်ခမ်းတွေက ........ပြွတ်!"

တစ်ချက်ဆွဲနမ်းပစ်လိုက်သလို မျက်ဝန်းတို့စုံမှိတ်ရင်း အရသာကောင်းကောင်းခံသလို ပုံစံဖြင့် ဟက်ခနဲရယ်လာ၏။

" အင်းးးးးးmocha taste ပဲ.....စွာလို့ထင်တယ်...."

ဆူး နှုတ်ခမ်းလေး ညွတ်ကျသွားကာ သူ့ကိုမထိတရိ ပင့်ကြည့်လာရင်းမှ.....

" မင်း ကြိုက်တယ် မဟုတ်လား......."

ဂျစ်က ခပ်ရွတ်ရွတ်ပြုံးရင်းမှ သူ့ရှပ်အင်္ကျီအဖြူကို ဆွဲချွတ်ကာ အခန်းအပြင်ထွက်သွားရင်း ဖြေသွားသည်က ခပ်ကြောကြော။

" မောင် Mocha ကို ကြိုက်တာမဟုတ်ဘူး.....ခင်ဗျားနှုတ်ခမ်းကိုကြိုက်တာ။ တကယ်လို့ ခင်ဗျားနှုတ်ခမ်းက ကျုပ်မုန်းတဲ့နှင်းဆီအရသာဆိုရင်တောင် ကြိုက်နေမိမှာပဲ။ "

ဟုတ်တယ်.....သူ ဆူးကို အဲ့လောက်ထိ စွဲလန်းတယ်။ Sex,Touch တွေမပါဝင်ပဲကို အရိပ်လေးကအစ ငေးကြည့်နေချင်လောက်အောင် သူစွဲလန်းတဲ့ တစ်ဦးတည်းသော မိန်းမ။

Psycho 🔞 ( Complete) Where stories live. Discover now