P.13 ( 22/ Jan)

7K 284 14
                                    

🖤 PSYCHO 🖤
Part - 13

ရဲကားအသံကြောင့် ဂျစ် အိပ်နေရာမှ မျက်စိပွင့်လာရင်း သူ့ဘေး ကျောခိုင်းကာ အိပ်မောကျနေသည့် ဆူးကို တစ်ချက်ကြည့်မိသည်။ စောင်ကိုဆွဲခြုံပေးလိုက်ရင်း ဆံနွယ်တွေကို တစ်ချက်နမ်းလိုက်သည်။ အိပ်ယာပေါ်မှဆင်းလိုက်ရင်း ကိုယ်မှာ ဘောက်ဆာသာ ဝတ်ထားသဖြင့် အနက်ရောင် Bathrobe ရှည်ကြီးကို ဆွဲဝတ်ရင်း ခါးမှကြိုးကို ခပ်လျော့လျောချည်ထားလိုက်သည်။ ပြတင်းပေါက်ခန်းစီးမှ လှမ်းကြည့်လိုက်တော့ ခြံရှေ့ရောက်နေသည့် ရဲကား.......ကြည့်ရတာ ဂရေစ့် ပျောက်နေသည့် ကိစ္စဖြစ်လိမ့်မည်။

" ကျစ်! စောက်တုံးက လာရှုပ်ပြန်ပြီ။ "

စိတ်ရှုပ်သလို တစ်ယောက်ထဲရေရွတ်ရင်းမှ စားပွဲပေါ်က ဝက်အူလှည့်တစ်ချောင်းကို ဆွဲယူ၍ Bathrobe ထဲ ထည့်ဝှက်ကာ ခပ်တည်တည်အောက်ဆင်းချလာသည်။

တကယ့် ချီးထုပ်တွေ။ စခန်းမှူးဘရန်နာဟာ တကယ့် စောက်သုံးမကျတဲ့ ကောင်။ မိန်းမရှုပ်တယ်....လာဘ်စားတယ် ဒါပဲ အားနေတွေးနေတဲ့ ချီးဘရိန်း။ ဂျစ် မျက်နှာ​က စိတ်မကြည်လင်မှုကြောင့် မှုန်ကုတ်ကာ စိတ်တိုနေသည်။ မွန်းစတားက ခြံထဲဆင်းလာသည့် သူ့မြင်တော့ ပြေးလာကာ ဘေးမှ တောက်လျှောက်ပါလာ၏။

! ဂျိန်းးးးဝရော !

" အစ်ကိုကြီးကို မြင်တော့ အမြန်ဆင်းလာတာ.....ကျွန်တော့်ကြောင့် စောင့်လိုက်ရတာ ဆောရီးပါ စခန်းမှူးရယ်။ "

ခြံတံခါးဆွဲဖွင့်ကာ မျက်နှာချင်းဆိုင်လိုက်သည်နှင့် ဂျစ် မျက်နှာက တမဟုတ်ချင်း ပြောင်းလဲသွားတာ မျက်လှည့်ပြလိုက်သလိုပင်။ ပါးချိုင့်လေးနှစ်ဖက် ခွက်ဝင်အောင် ပြုံးရင်း လှိုက်လှိုက်လှဲလှဲ ဝမ်းသာအားရ ကြိုဆို၏။

" ရပါတယ် ညီရာ....အစ်ကို အလုပ်ကိစ္စနဲ့လာတာ။ ဂရေစ့်ကို သိတယ် မဟုတ်လား။ "

ဂျစ် မျက်နှာက ပြုံးသွားရင်း....

" မသိပဲနေမလား...သိတာပေါ့ဗျာ။ မနေ့ကတောင် ပါတီပွဲသွားဖို့လာခေါ်သေးတယ်။ ကျွန်တော်က မလိုက်ဖြစ်ဘူး.....ခု ဘာဖြစ်လို့လဲ ။"

စခန်းမှူးဘရန်နာက သက်ပြင်းချသည်။

" ဂရေစ့်ပျောက်နေတယ်..... "

Psycho 🔞 ( Complete) Où les histoires vivent. Découvrez maintenant