🖤 Psycho 🖤

12.6K 286 26
                                    


Part - 5

ဆူး မျက်နှာလှလှလေးက တည်တင်းနေသလို ကုတင်စွန်းပေါ် ခြေချိတ်၍ ထိုင်နေသည့် ဂျစ်မှာလဲ ခပ်တည်တည်ပင်။ ဆူး မှန်ထဲမြင်နေရသည့် ပါးထက်မှ အနည်းငယ် မသိမသာနီမြန်းနေသည့်ပုံစံကို မြင်တော့ သူ့ကို မကျေမချမ်းစိုက်ကြည့်မိသည်။ Laguage ကို ဆွဲယူရန်ပြင်တော့ ဆူး၏လက်ကို ဆတ်ခနဲ ပုတ်ထုတ်ပစ်လိုက်တာမို့ ဒင်းမျက်နှာကို ဒေါသတကြီး စိုက်ကြည့်မိသွားသည်။

" နင် ဘာလုပ်တာလဲ ။ "

" ခင်ဗျားကို ဘယ်သူက ပြန်ခွင့်ပေးလို့ ပြန်ရမှာလဲ။ "

ဆူး နှုတ်ခမ်းလေးကို မဲ့ချရင်းမှ......

" ငါက နင့်ခွင့်ပြုချက်ယူရအောင် နင့်မယားမဟုတ်ဘူး။ နင့်လုပ်စာထိုင်စားနေတာ မဟုတ်လို့ နင် ငါ့ကိုအမိန့်လာမပေးနဲ့ ဂျစ်။ "

ဂျစ်၏ မျက်နှာက သူမတူအောင် တည်တင်းမှုန်ကုတ်သွားသလို ထိုင်နေရာမှထရပ်လာရင်း ဆူးအနားလျှောက်လာသလို ဆူးကလဲ မမှိတ်မသုန် ငေးစိုက်ကြည့်နေလိုက်သည်။

" ခင်ဗျား စကားပြောတွေ ပြင်ရင်ကောင်းမယ် ဆူး။ မာနကြီးကြီး မတူမတန်တဲ့ စောက်ချိူးတွေကို ကျုပ်ရှေ့ လာမလုပ်မိစေနဲ့နော်.....ကျုပ် လူမသတ်ချင်ဘူး။ ".

ဆူးက သူ့ကို လွန့်ခနဲ ​ခပ်ထိထိပြုံးရင်း လှောင်၏။ သူ တကယ်မုန်းပါသည်။ မာနကြီးကြီး သူသိသူတတ်ပုံစံနဲ့ အမေ့လိုမိန်းမစားမျိုး သူသိပ်ကို မုန်း၏။

" ဟုတ်လား......နင်က ငါ့ကိုသတ်ချင်တယ်ပေါ့.....သတ်လိုက်လေ.....လာလေ...သတ်လိုက်စမ်းပါ ဂျစ်ရဲ့"

ဆူးက သူ့စကားကြောင့် ပိုစိတ်တိုဒေါသကြီးလာသည်။ ဂျစ်၏ ရင်ဘတ်ကို ထုရိုက်ပစ်ရင်း ရှေ့တိုးတိုးလာကာ ကိုယ်လေးကို ကော့ကော့ပေးကာ မျက်နှာက ချီထား၏။

" ဟဲ့....သတ်လေ.....သတ်လေလို့.....နင့်ကိုငါ ပြောနေတာ မကြားဘူးလား။ "

ဂျစ်က နောက်သို့ဆုတ်ရင်း စိတ်ကိုထိန်းထားပေမယ့် ဆူးက အစွမ်းကုန်ပေါက်ကွဲချင်နေသည့် ဗုံးတစ်လုံးလို ဖြစ်နေသည်။ သူမ သိတာ သူမ အခုချိန်မှာ ဂျစ်ကိုမုန်းသည်။ သူမကို သစ္စာဖောက်၍ ပြန်အရွဲ့တိုက်ပစ်ချင်သည်။ ဂျစ်ကို ဘယ်နည်းနဲ့မဆို နာကျင်အောင်လုပ်ပစ်ချင်နေသည့်စိတ်က အသွေးအသားထဲ တမြေ့မြေ့ကို တိုက်စားနေသည်။

Psycho 🔞 ( Complete) Where stories live. Discover now