Prologue

554 49 3
                                    

Unicode

သူတို့နှစ်ယောက်ရဲ့ စတင်တွေ့ဆုံမှုက
မတော်တဆ မဟုတ်သလို
တိုက်ဆိုင်တာလည်း မဟုတ်ခဲ့ဘူး။

ဒီတိုင်း အိမ်နီးချင်းတွေ အဖြစ်နဲ့။

𝐹𝑜𝑟𝑔𝑒𝑡-𝑚𝑒-𝑛𝑜𝑡....................

*ကျွီ!!!*

*ဘုန်း!*

ခပ်စူးစူး ကားဘရိတ်အုပ်သံနဲ့အတူ ကားတံခါးအား
ဆောင့်ပိတ်ချလိုက်သည့် အသံကြောင့်
ဝရံတာမှာ ထိုင်နေတဲ့ Yoongiတစ်ယောက် တစ်ဖက်ခြံကိုစူးစမ်းသလိုလေး ကြည့်မိတယ်။

တစ်ဖက်ခြံရဲ့ ခြံဝင်းအတွင်းမှာ အကျအန စီတန်းရပ်ထားတဲ့ နောက်ဆုံးပေါ် အဆင့်မြင့် ဇိမ်ခံကား သုံးစီး။

အဲ့ဒီနောက်မှာ မသေသပ်စွာ ရှိနေတဲ့ Ferrariအနီလေးက ဖြစ်သလို ထိုးရပ်ထားပုံ။

လူတွေကိုတော့ မတွေ့ရတာမို့
ကြည့်ရတာ အိမ်ထဲဝင်သွားပြီဖြစ်မယ်။

ပုံမှန်ဆို သူက စူးစမ်းစပ်စုတတ်သူမျိုး မဟုတ်ပေမယ့် တစ်ဖက်ခြံကို ပြောင်းရွှေ့လာသူတွေဟာ ဘယ်လိုလူမျိုး
ဆိုတာတော့ သိချင်မိတယ်။

အိမ်နီးချင်းမို့ ဒီလောက်တော့ သိထားရမယ်လို့လည်း
သူထင်တယ်။

အိမ်ရှင်မိသားစု ရောက်လာကြလို့
အရင်တစ်ပတ်လောက်ကတည်းက ကြိုရောက်နေကြတဲ့ တစ်ဖက်ခြံက အလုပ်သမားတွေက လှုပ်လှုပ်ရှားရှား
ဖြစ်နေကြတယ်။

နားစွန်နားဖျား ကြားဖူးသလောက်တော့
ထိုမိသားစုရဲ့ အငယ်ဆုံးသခင်လေးဆိုသူက ဆိုးတယ်တဲ့။

*ဟင်း*

Yoongi သက်မောတစ်ချက်ကို ဖွဖွရှိုက်လိုက်တယ်။

ပြီး‌နောက် သူ့ခြေထောက်အနီးမှာ ဝပ်အိပ်နေတဲ့ Hollyကို
အသာ,မကာ ပေါင်ပေါ်သို့ တင်လိုက်ပြီး
ခပ်ဖွဖွ ပွတ်သပ်ပေးရင်းက‌ တီးတိုးရေရွတ်မိတယ်။

''ပါးပါးတို့ရဲ့ အိမ်နီးချင်းအသစ်နဲ့ အဆင်ပြေနိုင်ပါ့မလား Holly''

Yoongi တကယ်ပဲ ပူပန်မိတယ်။

သူက ခပ်အေးအေးသမား။
ပြီးတော့ အထက်တန်းနောက်ဆုံးနှစ်ကျောင်းသား။
သူ့အသက် ၁၇နှစ်မှာ မိဘတွေဆုံးပါးသွားတယ်။
ဆိုတော့ သူ မိဘမဲ့ဖြစ်နေတာ တစ်နှစ်ရှိပြီ။

𝐹𝑜𝑟𝑔𝑒𝑡-𝑚𝑒-𝑛𝑜𝑡 Wo Geschichten leben. Entdecke jetzt