𝐹𝑜𝑟𝑔𝑒𝑡-𝑚𝑒-𝑛𝑜𝑡 8

213 37 9
                                    

Unicode

အချစ်ဆိုတာ အတ္တကင်းရတယ်တဲ့...။
ပိုင်ဆိုင်လိုစိတ်ကင်းတဲ့ ပေးဆပ်မှုကသာ
အချစ်စစ်မည်ပါတယ်တဲ့...။

သူ့အတွက်တော့ အဲ့ဒီစကားဟာ သိပ်မှားတယ်။
ကိုယ်ချစ်တဲ့လူကို ပိုင်ဆိုင်ဖို့ကြိုးစားတာဟာ
ဘယ်တော့မှ မမှားဘူး။

မတရားတဲ့နည်းလမ်းနဲ့ ဖြစ်နေရင်တောင်မှပေါ့...။

𝐹𝑜𝑟𝑔𝑒𝑡-𝑚𝑒-𝑛𝑜𝑡....................

"Moonlight Cafe"တဲ့။

အမည်နာမနဲ့ လိုက်ဖက်စွာပဲ အပြာရောင်နုနုလေးနဲ့
ဆေးခြယ်ထားတဲ့ Cafeဆိုင်လေးရဲ့ အပြင်ဆင်က
အေးချမ်း‌မှုအသွင်ကို ဆောင်နေတယ်။

ဆိုင်‌လေးထဲမှာ Customerအချို့ ရှိနေပေမယ့်
တိုးဖျဖျ ဖွင့်ထားတဲ့ သီချင်းသံ ခပ်ငြိမ့်ငြိမ့်ကလွဲ
ဘာသံမျှမကြားရလောက်အောင်ကို တိတ်ဆိတ်နေတယ်။

အချို့က စုံတွဲလိုက် ကြည်နူးရင်း တီတီတာတာ
စကားတွေပြောနေကြတယ်။

အချို့က ဆိုင်ထဲမှာ ပျံလွင့်နေတဲ့ သီချင်းသံကို
နားဆင်ရင်း မှန်တံခါးကနေ ဆိုင်အပြင်ကို ငေးရင်း
ဆွေးမြေ့နေတယ်။

အချို့ကျပြန်တော့ ဆိုင်ရဲ့ထောင့်နံရံတွေမှာ ကပ်ပြီး
ထားထားတဲ့ စာအုပ်စင်လေးတွေက စာအုပ်အချို့ကို
ဖတ်ရင်း တိတ်ဆိတ်စွာထိုင်နေကြတယ်။

အနေအထား အမျိုးမျိုးနဲ့ ရှိနေကြတဲ့ လူတွေကြားထဲမှာ
Yoongiတို့နှစ်ယောက်ကတော့ Cafeဆိုင်လေးရဲ့
ထောင့်ကျကျ စားပွဲတစ်ခုမှာ မျက်နှာချင်းဆိုင်လို့
ထိုင်နေကြတယ်။

အချိုနဲ့အခါး အရသာမတူညီတဲ့ Coffeeနှစ်ခွက်ကို
ရှေ့မှာချလို့ ထိုင်နေမိကြတဲ့ သူတို့နှစ်ယောက်မှာ
ဘယ်သူကမှ စကားစပြောခြင်း မရှိသေးတာမို့ လေထုက
အနည်းငယ် တိတ်ဆိတ်နေတယ်။

ရှေ့မှာ ရှိနေတဲ့ ခပ်ချိုချို Coffeeကို တစ်ငုံသောက်ပြီး
Coffeeခွက်ကို မူလနေရာမှာ သူပြန်ထားတဲ့အခါ
ထွက်လာတဲ့အသံသဲ့သဲ့က သူတို့နှစ်ယောက်ကြားက
တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်ခြင်းရဲ့ အစပဲ။

''Coffeeက အရသာရှိသားပဲ''

''ဟုတ်တယ် အရသာရှိတယ်''

𝐹𝑜𝑟𝑔𝑒𝑡-𝑚𝑒-𝑛𝑜𝑡 Where stories live. Discover now