𝐹𝑜𝑟𝑔𝑒𝑡-𝑚𝑒-𝑛𝑜𝑡 11

241 42 10
                                    

Unicode

မှတ်ဉာဏ်တွေ ဘယ်လိုပဲ မေ့ပျောက်သွားပါစေ
မင်းအပိုင် ဒီနှလုံးသားကတော့..
မင်းကို အမြဲတမ်း သတိရမှတ်မိနေခဲ့တယ်..။

တူညီတဲ့ နှလုံးသားတစ်ခုနဲ့ပဲ..
ကိုယ်က မင်းကို နှစ်ခါပြန်ချစ်မိခဲ့ပါတယ် အချစ်ရယ်..။

𝐹𝑜𝑟𝑔𝑒𝑡-𝑚𝑒-𝑛𝑜𝑡....................

''မျက်ရည်တွေနဲ့ ဝေဝါးနေတာမို့ သူ့ရဲ့ပုံစံကို
ကျွန်တော် ကောင်းကောင်းမမြင်ခဲ့ရဘူး
ဒါပေမယ့် နွေးထွေးတဲ့ အဲ့ဒီလူရဲ့အသံကိုတော့
အခုချိန်ထိ သေချာ မှတ်မိနေခဲ့တယ်''

ကောင်ငယ်လေးရဲ့ စကားသံတိုးတိုးက Jungkook နားထဲမှာ
ပဲ့တင်ထပ်နေတယ်။
ပြီးတော့ သူ့အာရုံထဲမှာ မြင်နေရတဲ့ ပုံရိပ်တွေကလည်း
ပိုပြီး ထင်ရှားလို့လာတယ်။

''အဲ့ဒီနောက်တော့ ကျွန်တော် မေ့လဲသွားတယ်
အဲ့ဒီလူက ကျွန်တော့်ကို ဆေးရုံလိုက်ပို့ပေးခဲ့တယ်တဲ့

ဆေးရုံမှာ ကျွန်တော်သတိရလာတော့ အဲ့ဒီလူက မရှိတော့ဘူး
‌forget-me-notတွေနဲ့အတူ စာတစ်စောင်ကိုပဲ
သူ ချန်ထားခဲ့တယ်

ဘယ်သူဘယ်ဝါမှန်း မသိရပဲ သတိရနေပေးပါဆိုတဲ့
စကားတစ်ခွန်းကိုပြောပြီး ပျောက်သွားခဲ့တဲ့အဲ့ဒီလူကို
ကျွန်တော် အမြဲတမ်း သတိရနေခဲ့ပါတယ်

အချိန်တွေ တစ်ရက်ပြီး တစ်ရက်၊
တစ်လပြီး တစ်လကနေ
တစ်နှစ်၊နှစ်နှစ် ပြောင်းသွားတဲ့အထိပဲ
အဲ့လိုနဲ့ ကျွန်တော့်အသက် ၂၀ပြည့်တဲ့နေ့မှာ
အဲ့ဒီလူနဲ့ ပတ်သတ်ပြီး ကျွန်တော့်ခံစားချက်ကို
သေချာသိလိုက်ရတယ်''

ကောင်ငယ်လေးက ပင့်သက်တစ်ချက်ကို ရှိုက်လိုက်ပြီး

''ကျွန်တော်က အဲ့ဒီလူကို.. ချစ်မိနေတယ်''

တိုးလျစွာ ထွက်ပေါ်လာတဲ့ ဖွင့်ဟဝန်ခံစကားနဲ့အတူ
ကောင်ငယ်လေးရဲ့ မျက်ဝန်းအိမ်ကနေ မျက်ရည်စတွေ
ဝေ့သီလို့လာတယ်။

အဲ့ဒီမျက်ရည်စတွေကို သုတ်ပေးဖို့ လက်လှမ်းလိုက်ချင်ပေမယ့်
သူ့စိတ်က မဝံ့ရဲ။

''Hyung သိချင်လား
အဲ့ဒီလူက ဘယ်သူလဲဆိုတာ..''

Jungkook ကောင်ငယ်လေးကို သေချာ ကြည့်မိလိုက်တယ်။
ကောင်ငယ်လေးကလည်း သူ့ဖက်ကို လှည့်လာတဲ့အခါ
မျက်ရည်စတွေ ဝေ့သီနေတဲ့ ကောင်ငယ်လေးရဲ့ မျက်‌ဝန်းတွေနဲ့
သူ့မျက်ဝန်းတွေက ဆုံဆည်းသွားခဲ့တယ်။

𝐹𝑜𝑟𝑔𝑒𝑡-𝑚𝑒-𝑛𝑜𝑡 Where stories live. Discover now